Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 22 August 2012

ကျမပြောသော ချစ်ပုံပြင်


တစ်ခါကပေါ့ ကောင်းလေးတစ်ယောက်ရှိတယ်တဲ့လေ သူက သူ့ကောင်မလေးကို အရမ်းချစ်တယ်တဲ့ ဘာမဆိုအလိုလဲလိုက်တယ်
ကောင်မလေးညိုညင်မှာကိုကြောက်လို့ ကောင်မလေး စိတ်ဆိုးမယ် အပြုမူမျိုးဘယ်တုန်းကမှ မလုပ်ခဲ့ဘူးတဲ့လေ ကောင်မလေးပြုံးနေရင် သူပျော်တယ် ၊ ကောင်မလေးငိုနေရင် သူအရမ်းစိတ်မကောင်းဖြစ်တယ်တဲ့လေ သူ့ဘ၀မှာ ကောင်မလေးနဲ့ပက်သက်ပြီး အရမ်း မျှော်လင့်ထားတယ် ကောင်မလေးလက်ကိုတွဲပြီးတော့ လောကကြီးကိုရင်ဆိုင်ဖို့ ၊ ကောင်မလေးရဲ့ဘ၀ကို လုံခြုံနွေးထွေးအောင်ဖန်တီးပေးဖို့ ၊ ကောင်မလေးအတွက် လိုအပ်လာရင် အသက်တောင်ပေးဖို့ ၀န်မလေးတတ်တဲ့ အချစ်တွေနဲ့ကောင်မလေးကို သူချစ်တယ်တဲ့လေ...................
             ကောင်မလေးကလဲ ကောင်လေးကို ချစ်ပါတယ်  သူ့အပေါ် အလိုလိုက်အလိုက်သိတဲ့ ကောင်လေးကို သူချစ်တာပေါ့ မချစ်ပဲနေပါ့မလား ဒါပေမယ့်မိန်းကလေးတွေရဲ့ သဘာဝအရ ဆိုးလို့ရတဲ့သူမို့ ဆိုးသလို ၊ ကောင်လေးသူ့ကိုအ၇ိပ်တကြည့်ကြည့်နဲ့ 
ချော့နေရင် သဘောကျတယ် ၊ ကြည်နူးမိတယ်တဲ့လေ အဲ့ဒါကြောင့် ကောင်မလေးက ကောင်လေးကို မျက်နှာသာမပေးပဲ တော်ရုံအပြစ်လေးတွေကအစစိတ်ကောက်တတ်နေလေရဲ့ အဲလိုနဲ့ပဲ ကောင်လေးကို ဂရုစိုက်ဖို့ (ချစ်သူရဲ့ တာဝန်တွေ) ကို သတိမရတော့ဘူးပေါ့....................
         ဖုန်းလဲ ကောင်လေးကအရင်ဆက် ၊ ချိန်းတွေ့မယ်ဆိုရင်လဲ အမြဲ နောက်ကျမှရောက်လာတတ်တယ် ကောင်မလေးနောက်ကျလို့ 
ကောင်လေးစိတ်ဆိုးရင်လဲ မသိချင်ရောင်ဆောင်နေတတ်တယ် ၊ နေမကောင်ရင် လဲ " ကိုရေ သက်သာလား" စကားလေးတစ်ခွန်းတောင်
ပြောဖော်မရတဲ့ ကောင်မလးကို ကြာတော့ စိတ်ကုန်လာတယ်တဲ့   နောက်ဆုံးတော့ " ငါတို့ လမ်းခွဲရအောင် " ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ကောင်မလေးကို ကျော်ခိုင်ခဲ့တယ် ..........သူ့စိတ်ထဲမှာ ကောင်မလေးနဲ့ပက်သက်ပြီး ဘာခံစားချက်မှာ မရှိတော့ဘူး ကောင်မလေးနဲ့လမ်းခွဲပြီးကောင်လေးက အရမ်းကို လွတ်လပ်ပေါ့ပါးနေခဲ့တယ်...................
              ကောင်မလေးမှာတော့ သူငါ့ကို ဘာလို့ထားခဲ့ရတာ သူငါ့ကိုအရမ်းချစ်ခဲ့တာပဲ ငါဘာလုပ်လုပ် ဘယ်လိုဆိုးဆိုး သူခွင့်လွှတ်
နားလည်ခဲ့တာတွေက ဟန်ဆောင်ခဲ့တာမဟုတ်ဘူးဆိုတာ ငါသိတယ် သူအဲ့လောက်ချစ်ပါရဲ့နဲ့ ဘာလို့ ထာခဲ့ရတာလဲ ငါလေ နင့်ကိုအရမ်း
ချစ်ခဲ့ပါတယ် ခုချိန်မှာ ရူးမတတ်ခံစားနေရတယ် ငါ့ကို မထားခဲ့ပါနဲ့ ငါ့ဘ၀မှာနင်မရှိလို့မရဘူးဆိုတာ နင်သိရင်ပြန်လာခဲပါ ငါနင့်ကို အရမ်း
ချစ်တယ်..........
                  ကောင်မလေးက  ကောင်လေးကို အရမ်ချစ်ခဲ့ပါရဲ့နဲ့၊ ကောင်လေးလဲ သူကို ချစ်ခဲ့တယ်ဆိုတာ သေချာ သိပေမယ့် ဘာလို့ သူ့ကို ထားခဲ့လဲဆိုတာ နားမလည်နိုင်အောင် ပဲ ဖြစ်နေတယ်တဲံလေ.........
                  ဒီပုံပြင်လေးမှာ နားထောင်သူအနေနဲ့( ဘေးလူ အမြင်နဲ့) ကောင်မလေးကိုဘာလို့ ထားခဲ့ခံရလဲ ဆိုတာကိုသိနိုင်ပေမယ့်
ကောင်မလေးမှာတော့................

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့