Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 7 September 2012

***** နင်...မငိုပါနဲ.ကွယ် *****


နင်...မငိုပါနဲ့ကွယ်
မငိုပါနဲ့ကွယ်...
ကြယ်တွေကြွေနေသရွေ့
နောင်တစ်နေ့နေ့မှာတော့...
ငါတို့..ခဏ...ပြန်ဆုံကြဦးမှာပါ
နေ့ရက်တွေကို
အလွမ်းစာမျက်နှာတွေပေါ်မှာ သီကုံးလို့
နင်ပြုံးပြုံးလေးနေပေးပါ
နင့်အတွက်..အသက်ထက်ဆုံးပေးဆပ်မဲ့
ငါ့ကဗျာ..ခပ်အက်အက်တွေမှာ
နှင်းဆီတချို့...ငါပျိုးထားတယ်
ထိပ်ထားရယ်....
နင်မငိုပါနဲ့ကွယ်...
နင်ငိုရင်...ငါ့ရင်ထဲ တိမ်တွေပြိုလို့
ဆို့နင့်ခဲ့ရတဲ့ ရှိုက်သံတွေ
နင်ပြောသလိုပေါ့...
ငါက..နင်မနှင်ရင်
ထွက်သွားပိုင်ခွင့်မရှိတဲ့ကောင်ပါ
မငိုပါနဲ့ကွယ်...
ငါ့ကဗျာတွေက..
နင့်အတွက်..အာဟာရဖြစ်မယ်ဆို
နှစ်ခြိုက်စွာ သောက်သုံးလှဲ့
ငါတို့အတူတူ..ပျောက်ဆုံးမယ့်နေ့ရက်တွေ
ရောက်မလာပါစေနဲ့....
မငိုပါနဲ့ကွယ်...
ငါတို့ပြန်ဆုံမယ့်ညနေမှာ
နင့်အတွက်ကဗျာတွေ
ငါရွတ်ပြချင်သေးတယ်
နင့်အတွက် အလွမ်းတွေ
သီကုံးဖွဲ့ဆိုချင်သေးတယ်
နင့်အတွက်သတိရခြင်းတွေ
တယုတယ..ပျိုးချင်သေးတယ်
နင်...မငိုနဲ့ကွယ်...။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့