Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 8 September 2012

» တောင်ကြည့်ပွဲ လှုပ်ရှားမှု အာဏာပိုင်များ ခွင့်မပြု

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
တဝိုက် ဒေသခံတွေနဲ့  မုံရွာမြို့ခံတွေ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ
-ဒေသခံ ခေါင်းဆောင်တွေက စီမံကိန်းကြောင့် ပျောက်ကွယ်သွားမယ့် လက်ပံတောင်းတောင်ကို နောက်ဆုံးကြည့်တဲ့အနေနဲ့ တောင်ကြည့်ပွဲ ဆိုတဲ့ လှုပ်ရှားမှု တရပ် ဒီနေ့ညနေ မှာပြုလုပ်ကြပါတယ်။

ချင်းတွင်းမြစ် တဖက်ကမ်း မုံရွာမြို့ဘက်ကနေ ကြည့်ကြမှာပါ။ ဒါပေမယ့် အဲဒီတောင်ကြည့်ပွဲသွားဖို့ ချင်းတွင်းမြစ်ကူးမယ့် စက်လှေတွေကို သက်ဆိုင်ရာအာဏာပိုင် တွေကထွက်ခွင့်မပေးပဲ တားထား တယ်လို့ ဝက်မှေးရွာသား ကိုဇော်ဦးက RFA ကိုပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအရ လက်ပံတောင်းတောင် မပျောက်ကွယ်သွားအောင် ကာကွယ်ဖို့ဆောင်ရွက်တာလို့ဆိုပါတယ်။ ဒီပွဲကို မုံရွာမြို့ဘက်ကလဲ ဒေသခံ ရာနဲ့ချီပြီးသွားရောက် ကြသလို၊ လယ်မြေနဲ့အိမ်ယာတွေဖျက်သိမ်းခံရတဲ့ ဝက်မှေး၊ ဆည်တဲ စတဲ့ရွာတွေကဒေသခံ ၁ ရာ ကျော်ကလဲ သွားရောက်ကြည့်ရှုတာလို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တွေကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မနေ့ညကစလို့ ဆည်တဲရွာအပြင်မှာ ရဲတပ်ဖွဲ့ကနေရာယူလိုက်ပြီး ရွာတဝိုက်မှာလဲ သတင်းပေးတွေ လှည့်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

ရွာသားတွေဘက်လဲ ရွာစည်းရိုးတွေကာ-ရွာတံခါးတွေဆောက်နေပြီး ရွာအဝင်စစ်ဆေးမယ့်ဂိတ်တွေလဲစီစဉ်နေတယ်လို့ သိရပါတယ်။

ကြေးနီစီမံကိန်းအကောင်အထည်ဖေါ်နေတဲ့ မြန်မာဝမ်ပေါင် တရုတ်ကုမ္ပဏီ နဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက အဲဒီဒေသမှာ ပုဒ်မ ၁၄၄ ထုတ်ထားပါတယ်။ ဒါ့အပြင် ရွာသားတွေကို ကူညီနေတဲ့ တက်ကြွလှုပ်ရှား သူတချို့ကိုလဲ ဖမ်းမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။

RFA Burmese


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့