Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 13 September 2012

ရခိုင်ပြည်နယ် အရေး ကလေးမြို့ သမ္မတထောက်ခံပွဲ လူတစ်သောင်းကျော်

ကလေးမြို့ သမ္မတထောက်ခံ ဆန္ဒဖော်ထုတ်ပွဲတွင် ဒေသခံပေါင်း တစ်သောင်းကျော်သည် ကလေးမြို့တွင်း ယခုလှည့်လည်နေကြကြောင်း The Voice Weekly ကလေးမြို့နယ် သတင်းထောက်က သတင်းပေးပို့သည်။

နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုကာ အချို့မှာ သမ္မတကြီး၏ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ကာ ပြောကြားချက်ကို ထောက်ခံကြောင်းကို ပြောကြားနေကြကြောင်း ၄င်းက ဆိုသည်။

ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ် ရပ်ကွက်၊ မင်္ဂလာဥယျာဉ် ကျောင်းတိုက်တွင် နံနက် ၁၁ မှ နေ့လယ် ၁၂ နာရီ အထိ စုဝေးခဲ့ပြီး စီတန်း လှည့်လည်မည့် အချိန်မှာ နေ့လယ် ၁၂ နာရီမှ ညနေ၃နာရီ အထိ ဖြစ်ကြောင်း လမ်းကြောင်းမှာ မင်္ဂလာ ဥယျာဉ် ကျောင်းလမ်း-ကလေးဝလမ်း(တောင်ဘက်သို့)-ပင်လုံ လမ်းမတော်- စံပြလမ်း- ဗိုလ်ချုပ်လမ်း- လမ်းဆုံပတ်၍ ကလေးဝလမ်း (မြောက်ဘက်သို့)- မင်္ဂလာ ဥယျာဉ် ကျောင်းရှေ့ တွင် ပြီးဆုံးမည် ဖြစ်ကြောင်း ထောက်ခံ ဆန္ဒပြပွဲကို ဦးဆောင် ပြုလုပ်သူ ၈၈ ကျောင်းသား သပိတ်ခေါင်းဆောင်ဟောင်း ဦးမိုက်ကယ်ဝင်းကျော်က ရှင်းပြသည်။

The Voice Weekly

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့