လူငယ်များ စာပေ၊ အသိပညာ၊ အောင်မြင် လိုစိတ်များ တိုးတက် လာစေဖို့ အတွက် Entertainment နဲ့ ပူးပေါင်း တင်ဆက်တဲ့ စာပေ ဟောပြောပွဲ
တစ်ခုကို စက်တင်ဘာလ ၁၆ ရက်နေ့က Dagon Center-2 မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ပွဲမှာ Talents & Models မှ ဆရာမ တစ်ဦးဖြစ်သူ မတင်မိုးလွင်က လူငယ်နဲ့ အောင်မြင်ရေး စိတ်ဓာတ် သဘောထား များကို ဆွေးနွေး ဟောပြော ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဟောပြောပွဲမှာ စာပေ ဟောပြောမှုများ အပြင် အနုပညာရှင်များရဲ့ သီဆို ဖျော်ဖြေမှုများ၊ ဂိမ်းကစား ပွဲများနဲ့ အတူ လာရောက် ကြည့်ရှုတဲ့ ပရိသတ်များ ထံမှ ကောက်ယူ ရရှိတဲ့ ပရဟိတ အလှူ ငွေများကို တွံတေး မြို့နယ်ရှိ မင်္ဂလာလူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာကို လှူဒါန်းငွေများ ပေးခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment