ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ အတွက် နိုင်ငံသား စိစစ်ခြင်းနဲ့ ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်း၊ အလုပ်သမား သက်သေခံကတ်
ထုတ်ပေးခြင်း အစရှိတာ တွေကို လုပ်ဆောင် ပေးနိုင်ဖို့ အတွက် အလုပ်သမား ၀န်ကြီးဌာနမှ ဆောင်ရွက်ပေး လျက်ရှိပါတယ်။ အဲ့ဒီလို ဆောင်ရွက်မှု ကိုတော့ ၀န်ကြီး ဌာနမှ အရာထမ်း တွေကို ၃ လတစ်ကြိမ် အလဲအလှယ် လုပ်ကာ ထိုင်းနိုင်ငံသို့ သွားရောက်ပြီး တာဝန် ထမ်းဆောင်ကာ အလုပ်သမား ရေးရာ ကိစ္စများ ဖြေရှင်း ဆောင်ရွက်ပေး လျက်ရှိတာ ဖြစ်တယ်လို့ အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
အဲ့ဒီလို စေလွှတ်မှုတွေ ထဲကမှ တတိယ အကြိမ်မြောက် စေလွှတ်မှု ကိုတော့ စက်တင်ဘာ လထဲမှာ ထပ်မံ စေလွှတ် လိုက်ပြီ ဖြစ်ပါတယ်။ အလုပ်သမား ၀န်ကြီးဌာနမှ အဆိုပါ လုပ်ငန်းစဉ်ကို လုပ်ဆောင်ရာ မှာလည်း အောင်မြင်မှုများ ရရှိနေပြီး ထိုင်းနိုင်ငံမှာ အလုပ်သမား နှစ်သန်း ကျော်ရှိရာ လုပ်သား တစ်သန်းကျော်ခန့် အတွက် အထောက်အထားများ ရရှိအောင် ဆောင်ရွက် ပေးခဲ့ပြီ ဖြစ်တယ် လို့လည်း သိရပါတယ်။ အခုလို စေလွှတ်မယ့် လုပ်ငန်း အဖွဲ့ ၆ ဖွဲ့ကို မြန်မာ လုပ်သားများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းစဉ်များ ဆိုင်ရာ မွမ်းမံ သင်တန်းများ သင်ကြားပေး ခဲ့ပါတယ်။
အဆိုပါ သင်တန်း မှာလည်း နိုင်ငံသား စိစစ်ခြင်း၊ ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်းနဲ့ ပြည်ပ အလုပ်အကိုင် အလုပ်သမား မှတ်ပုံတင် ကတ်ပြား ထုတ်ပေးခြင်း ဆိုင်ရာ လုပ်ငန်းစဉ် များနဲ့ ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာများကို မွမ်းမံ သင်တန်း ၃ ရက်ကြာ ဖွင့်လှစ် ပို့ချပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment