Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 18 September 2012

မြန်မာ့ မီးရထား ဌာနမှ ရထားသံလမ်း ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ အတွက် ကန်ထရိုက်တာများ ခေါ်ယူလျက်ရှိ

ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့ မီးရထား၊ မြို့ပြ အင်ဂျင်နီယာ ဌာနမှ ရထား သံလမ်းများ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းရှင်များ ဆောင်ရွက်ဖို့ အတွက်
ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းရှင် များကို စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင် ခေါ်ယူ နေတယ်လို့ သိရပါတယ်။ မြန်မာ့ မီးရထားရဲ့ ရထား လမ်းပိုင်း အသီးသီးမှာ သံလမ်းများ ပြုပြင် ထိန်းသိမ်းရေး တွေကို ယခင်ကလို သစ်သား ဇလီဖားတုံးတွေ အစား ကွန်ကရစ် ဇလီဖာတုံးတွေ ထည့်ပြီး စက်ကိရိယာ တွေနဲ့ အသုံးပြု ချင်တဲ့ အတွက် စိတ်ပါဝင်စားတဲ့ ကန်ထရိုက်တာ များနဲ့ လုပ်ငန်း အပ်နှံ ဆောင်ရွက် လိုတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ရထား လမ်းပိုင်း ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းကို နည်းစနစ် ကျစွာ လုပ်ဆောင် နိုင်ဖို့ အတွက် လုပ်ကိုင် ရမယ့် နည်းလမ်း၊ နည်းစနစ်များကို စက်တင်ဘာလ ၂၄ ရက်နေ့၊ နေပြည်တော်မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ ရထား သံလမ်းပိုင်း ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ စိတ်ပါ ၀င်စားတဲ့ ကန်ထရိုက်တာများ အနေနဲ့ အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား အမှတ်၊ ကုမ္ပဏီ အမည်၊ ယခင် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းများ၊ နေရပ်လိပ်စာ အပြည့်အစုံ၊ ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်များ ဖေါ်ပြပြီး စက်တင်ဘာလ ၂၄ ရက်နေ့ နောက်ဆုံး ထားကာ မြို့ပြ အင်ဂျင်နီယာ ဌာန၊ မြန်မာ မီးရထားသို့ လျှောက်ထား ပေးပို့နိုင် တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့