Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 19 September 2012

လူမှုဖူလုံရေး နည်းဥပဒေအား ၂ လအတွင်း ပြီးစီးအောင် ရေးဆွဲသွားမည်


လူမှုဖူလုံရေး ဥပဒေသစ်နဲ့ နည်းဥပဒေကို အခု လက်ရှိမှာ ရေးဆွဲ လျက်ရှိပြီး ၂ လအတွင်း ပြီးစီးအောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ စက်တင်ဘာလ
၁၈ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ လူမှုဖူလုံရေး ဥပဒေသစ် အကောင်အထည် ဖော်ရေးနှင့် လူမှု ဖူလုံရေး စီမံကိန်း တိုးချဲ့ ဆောင်ရွက်ရေး ရှင်းလင်း တင်ပြတဲ့ အခမ်းအနားမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ လူမှုဖူလုံရေး ဥပဒေသစ်ကို လာမယ့် ၂၀၁၃ ခုနှစ်မှာ သုံးစွဲနိုင်မှာ ဖြစ်ပြီး လာမယ့် အပတ်မှာ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိ သူများနဲ့ အကြံဉာဏ်များနဲ့ ပြန်လည် ရေးဆွဲထားတဲ့ လူမှုဖူလုံရေး ဥပဒေ မူကြမ်း ပြန်လည် ထွက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ရေးဆွဲရာ မှာတော့ အလုပ်သမား ၀န်ကြီးဌာန အနေနဲ့ လူမှုဖူလုံရေး ဥပဒေ အသစ်ကို နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများနဲ့ ILO ကွန်ဗင်းရှင်း များကို လေ့လာပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုဖူလုံရေး ဥပဒေသစ် အကောင်အထည် ဖော်ဖို့အတွက် လူမှုဖူလုံရေး အဖွဲ့ ၀န်ထမ်းသစ်များ ခေါ်ယူခြင်း၊ ၀န်ထမ်း များအား သင်တန်း ပေးခြင်း၊ လူမှုဖူလုံရေး အကျုံးဝင် လုပ်သားများရဲ့ အချက်အလက် များကို စာရင်း ကောက်ယူပြီး ကွန်ပျူတာ ပရိုဂရမ် များမှာ ထည့်သွင်းခြင်းနဲ့ လူမှုဖူလုံရေး ဆေးရုံ၊ ဆေးခန်းများ အဆင့် မြှင့်တင်ခြင်း အစရှိတဲ့ လုပ်ငန်းစဉ် များကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့