Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 19 September 2012

အဓိက ကုန်စည်ဒိုင် ၈ ခုတွင် အလိုအလျောက် ဖြေကြားသည့် စနစ် တပ်ဆင် လျက်ရှိ


နေ့စဉ် အရောင်းအ၀ယ် ဖြစ်နေတဲ့ ပဲမျိုးစုံ၊ ပြောင်း၊ ဂျုံနဲ့ ဆီထွက် သီးနှံများရဲ့ နေ့စဉ် ဈေးနှုန်းပေါက် သတင်းများကို ပြည်သူများ အချိန်နှင့် တစ်ပြေးညီ သိရှိစေဖို့
အတွက် ဖုန်းဆက်ရုံဖြင့် အလိုအလျောက် ဖြေကြားတဲ့ စနစ်ကို အဓိက ကုန်စည်ဒိုင် ၈ ခုမှာ တပ်ဆင်လျက် ရှိတယ်လို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာ မှာတော့ လယ်ယာထွက်ကုန် သီးနှံများရဲ့ တစ်နေ့တာ ဈေးနှုန်းများကို ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရှိနိုင် သလို  မူဆယ် စားဖိုဆောင် သီးနှံများရဲ့ ဈေးနှုန်းများ၊ မန္တလေး ကထိန်တော် အသင်း ကုန်စည်ဒိုင်မှ ဈေးနှုန်းများ၊ မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်မှ ဈေးနှုန်းများ၊ ပြည်ကုန်စည် ဒိုင်နဲ့ မကွေးကုန်စည် ဒိုင်တို့မှ ဈေးနှုန်းများ ကိုလည်း သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဟင်္သာတ ကုန်စည်ဒိုင်မှ ပဲမျိုးစံနှင့် ပြောင်း ဈေးနှုန်းများ၊ မုံရွာ ကုန်စည်ဒိုင်မှ ပဲမျိုးစုံ၊ ပြောင်း၊ ဂျုံနှင့် ဆီထွက် သီးနှံ ဈေးနှုန်းများနဲ့ ပုသိမ် ကုန်စည် ဒိုင်မှ ဆန်စပါး ဈေးနှုန်း များကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ကုန်စည်ဈေးနှုန်း တွေကို အလိုအလျောက် ဖြေကြားစက် တပ်ဆင် ထားတဲ့ ကုန်စည်ဒိုင် များရဲ့ ဖုန်းနံပါတ်များ ကတော့ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်၊ ဖုန်းနံပါတ် ၀၁-၂၅၈၉၇၇၊ မန္တလေး ကထိန်တော် အသင်း ကုန်စည်ဒိုင်၊ ဖုန်းနံပါတ် ၀၂-၂၄၅၅၀၊ မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင် ဖုန်းနံပါတ် ၀၈၂-၅၅၃၀၀၊ ပြည်ကုန်စည်ဒိုင် ဖုန်းနံပါတ် ၀၇၁-၂၈၃၃၆၊ မကွေး ကုန်စည်ဒိုင် ဖုန်းနံပါတ် ၀၆၃-၂၈၄၈၉ နဲ့ ပုသိမ် ကုန်စည်ဒိုင် ဖုန်းနံပါတ် ၀၄၂-၂၃၈၂၁ တို့ ဖြစ်ပါတယ်။ အဆိုပါ ကုန်စည် ဈေးနှုန်း အလိုအလျောက် ပြောကြားစက်တွေ တပ်ပေးတဲ့ အတွက်  ပြည်သူများ မိမိတို့ သိချင်တဲ့ တစ်နေ့တာ လယ်ယာထွက် သီးနှံများရဲ့ ဈေးနှုန်း တွေကို ချက်ချင်း သိရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့