သား၊ ငါးကဏ္ဍ အတွက် ပြည်ပ နိုင်ငံများမှ အတိုးနှုန်း သက်သာစွာဖြင့် နှစ်ရှည် ချေးပေး နိုင်တဲ့ ချေးငွေများ ရရှိဖို့ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဌာနမှ
ဆောင်ရွက် ထားရှိမှု များကို စက်တင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် မန္တလေးတိုင်း ဒေသကြီးမှ ထပ်ဆင့် ဆွေးနွေးခြင်း အခမ်းအနားကို ကျင်းပခဲ့ ပါတယ်။
ဒီလို အတိုးနှုန်း သက်သာတဲ့ နှစ်ရှည် ချေးငွေများ ပြည်တွင်းသို့ ၀င်ရောက် လာပါက မွေးမြူရေးနှင့် ဆက်နွယ်နေတဲ့ လုပ်ငန်းရှင်များ အနေနဲ့ မွေးမြူ လိုတဲ့ တိရစ္ဆာန် လုပ်ငန်း၊ ဥဖောက်စက် လုပ်ငန်း၊ အသား ထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ ဆေးဝါး လုပ်ငန်း အစရှိတဲ့ မွေးမြူရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းများကို မြို့နယ် အလိုက်၊ ခရိုင် အလိုက် ကုမ္ပဏီများ ထူထောင်ခြင်း၊ အသင်း အဖွဲ့များ ဖွဲ့စည်းခြင်းများ ဆောင်ရွက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ နှစ်ရှည်ချေး ပေးမယ့် အရင်းအနှီး ချေးငွေများ ရယူလိုပါက လုပ်ကိုင်မယ့် လုပ်ငန်းနှင့် ပတ်သက်တဲ့ စီမံချက်နဲ့ လိုအပ်တဲ့ ငွေကြေး ပမာဏကို ရေးဆွဲပြီး မန္တလေးတိုင်း ဒေသကြီး မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်ကို စက်တင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံး ထားပြီး တင်ပြဆွေးနွေး ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားမှာ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ခရိုင် မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌများမှ ခရိုင်အလိုက် မွေးမြူရေး လုပ်ငန်းများမှာ ကြုံတွေ့ နေရတဲ့ အခက်အခဲများ လိုအပ်ချက် များကို ဆွေးနွေး တင်ပြခဲ့တယ်လို့ သတင်း ရရှိပါတယ်။
No comments:
Post a Comment