Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 19 September 2012

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အသားနှင့် အသား ထွက်ကုန် ပစ္စည်းများ တင်ပို့မှု ပိတ်ပင် ထားဆီးမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများ ဆွေးနွေး သွားမည်


မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ အသားနဲ့ အသား ထွက်ကုန် ပစ္စည်းများ တင်ပို့မှုကို ပိတ်ပင် တားဆီး ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စီးပွားရေးနဲ့ ကူးသန်း
ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်နဲ့ လုပ်ငန်းရှင်များ အဖွဲ့ဟာ တရုတ်နိုင်ငံ ကုန်ပစ္စည်း အရည်အသွေး ထိန်းချုပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှား ကင်းစင်ရေး၊ အထွေထွေ အုပ်ချုပ်ရေးနဲ့ အာဏာပိုင် အဖွဲ့ AQSIQ မှ တာဝန်ရှိ သူများနဲ့ ဆွေးနွေး သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီလို ဆွေးနွေးမှု ကိုတော့ ယခု လက်ရှိ တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ နန်နင်း ကုန်စည် ပြပွဲမှာ နှစ်ဘက် တာဝန်ရှိသူများ ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးရာမှာ စီးပွား/ကူးသန်းမှ တာဝန်ရှိ သူများက တရုတ်နိုင်ငံ ကုန်သွယ်ရေးနှင့် AQSIQ မှ တာဝန်ရှိ သူများနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ လက်ခံသော သတ်မှတ်ချက် အရ ကင်းလွတ်ခွင့် ပေးဖို့ ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အသားနဲ့ အသား ထွက်ကုန် ပစ္စည်းများ တင်ပို့မှုကို ၂၀၀၉-၂၀၁၀ ဘဏ္ဍနှစ်မှ စတင်ကာ တင်ပို့ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ်တင် ပိုမိုများပြား လာကာ ၂၀၁၁-၁၂ ဘဏ္ဍနှစ်မှာ ပို့ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၈၃ သန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ယခု ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် မှာတော့ တရုတ်နိုင်ငံမှ ပိတ်ပင်ခြင်း မပြုမီ အထိ တင်ပို့မှုမှ တန်ဖိုး ဒေါ်လာ ၂၆ သန်းရရှိ ထားတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့