မြန်မာအရှေ့တိုင်း ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ အမေရိကန် အခြေစိုက် ငွေလွှဲ ၀န်ဆောင်မှု လုပ်ငန်း တစ်ခုဖြစ်တဲ့
Westem Union နှင့် မြန်မာအရှေ့တိုင်း ဘဏ်ဟာ အောက်တိုဘာလ ပထမ အပတ်လောက်မှာ စတင်ပြီး ငွေလွှဲ ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက် တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာ အရှေ့တိုင်း ဘဏ်အနေနဲ့ပြည်ပ နိုင်ငံများနဲ့ အခုလို ငွေလွှဲ ၀န်ဆောင်မှု လုပ်ငန်းကို လုပ်ဆောင်မှုဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
အခုလို မြန်မာ အရှေ့တိုင်း ဘဏ်နဲ့ ငွေလွှဲ ၀န်ဆောင်မှု လုပ်ငန်း လုပ်ဆောင်မယ့် Westem Union ဟာ နိုင်ငံပေါင်း ၂၀၀ မှာ လုပ်ငန်းခွဲများ ဖွင့်လှစ်ထားပြီး အဆိုပါ နိုင်ငံများရှိ မြန်မာ လုပ်သားတွေ အနေနဲ့ မြန်မာနိုင်ငံကို ငွေလွှဲဝန်ဆောင်မှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို ပြည်ပရောက် မြန်မာနိုင်ငံသားများ ငွေလွှဲပို့ရာမှာ အများဆုံး ဒေါ်လာ တစ်သောင်း အထိ ငွေလွှဲပို့ နိုင်တာ ဖြစ်ပြီး ပြည်တွင်းရှိ မြန်မာအရှေ့တိုင်း ဘဏ်ခွဲ ၁၉ ဘဏ်ကို တိုက်ရိုက် ငွေလွှဲပို့နိုင်မှာ ဖြစ်ပါတယ်။
ဒီလို ငွေလွှဲ ၀န်ဆောင်မှုကို လုပ်ဆောင်ရ တာလည်း နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ပြည်တွင်းသို့ ငွေလွှဲရာမှာ တရားဝင် ဖြစ်ဖို့ လုံခြုံမှုရှိဖို့နဲ့ အဆင်ပြေ လွယ်ကူ ချောမွေ့စွာ ငွေလွှဲပေးပို့ နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ငွေလွှဲ လုပ်ငန်းကို လုပ်ကိုင်နိုင်ဖို့ အတွက် ကိုတော့ MOB ဘဏ်ရှိ ၀န်ထမ်းတွေကို သင်တန်းများ ပေးခြင်း၊ အစီအစဉ်များ ရေးဆွဲခြင်း စတာတွေကို ဆောင်ရွက် လျက်ရှိနေပြီး ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment