စက်တင်ဘာလ ၉ ရက်နေ့ မနက် ၉ နာရီ အချိန့် ခန့် ကတည်းက ရောက်ရှိနေတဲ့ ၀က်မှေး၊ ဆည်တည်း စတဲ့ ကျေးရွာများက တောင်သူ လယ်သမားတွေဟာ မုံရွာမြို့  ဆုတောင်းပြည့် ဘုရားဖူးရန် အတွက် လာရောက်စဉ်မှာ ညောင်ပင်ကြီး ဆိပ်ကမ်းမှာ တားမြစ်ခံထားရတာဖြစ်ပါတယ်။
အဆိုပါ လယ်သမားတွေ ချင်းတွင်းမြစ်ကို ဖြတ်မကူးနိုင်အောင် အာဏာပိုင်တွေက ကူးတို့ ဆိပ်ရှိ စက်လှေများကို ကူးသန်းခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။
ဘုရားဖူးလာတဲ့ တောင်သူလယ် သမားတွေကတော့ ချင်းတွင်းမြစ်ကို ဖြတ်ကူးခွင့် ရဖို့  အတွက် အခုချိန်ထိ စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်းသိရပါတယ်။
![]() |
| ဘုရားဖူးလာတဲ့ တောင်သူများ |
![]() |
| မုံရွာမြို့ ဆုတောင်းပြည့်ဘုရားဖူးရန် ၀က်မှေး ဆည်တည်းစသည်ကျေးရွာများ တောင်သူလယ်သမားများ ချင်းတွင်းမြစ်ကူးရန်အတွက် စောင့်ဆိုင်းနေစဉ် - ဓါတ်ပုံ Aung Nay Myo |


No comments:
Post a Comment