Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 9 September 2012

***** အချစ်နဲ. ခံစားချက် *****


"အချစ်နဲ့ ခံစားချက်"အကြောင်းရေးပြီဆို လူတချို့က ဟာ .. ရေးပြန်ပြီအချစ်အကြောင်း၊ ဟာ... သိပ်ချစ်တတ်နေပါလား၊ ဟာ... အချစ်ရုဂုလား၊ ဟာ.... အိမ်ထောင်ကျသွားတာတောင် အချစ်အကြောင်းပဲပြောနေပါလားလို့....... ဆိုကြတယ်။
လူတိုင်း အချစ်နဲ့ကင်းကင်းနေလို့မရပါဘူး။ အိမ်ထောင်ကျပြီးပြီ၊ အပျို/လူပျိုကြီးပဲဖြစ်နေပါစေ.. လူတိုင်း တစ်ချိန်ချိန်မှာတော့ အချစ်နဲ့ကြုံခဲ့၊ ဖြတ်သန်းခဲ့ကြတာချည်းပဲ။ ကိုယ်တိုင် ရင်ခုန်တဲ့အရွယ်ကိုလွန်လ
ာတော့ အချစ်အကြောင်း လုံးဝမဟဘူး၊ အချစ်အကြောင်း နားမထောင်ချင်ဘူးဆိုတဲ့ လူမျိုးလည်းရှိတယ်။ ကိုယ်တိုင်အချစ်နဲ့ ကြုံခဲ့ဖူးပြီး တခြားလူတွေ အချစ်အကြောင်းပြောရင် နားခါးတယ်ဆိုတဲ့ လူမျိုးလည်းရှိတယ်။

လူတွေက ပြောတတ်ကြတယ်။ အိမ်ထောင်ကျတယ်ဆိုတာ အချစ်ရဲ့သင်္ချိုင်းတဲ့။ အိမ်ထောင်ကျရင် အချစ်ဆုံးပြီတဲ့။ ဒီလိုအချစ်သေဆုံးသွားပြီဆိုတဲ့ အိမ်ထောင်ရေးက သာယာချမ်းမြေ့လိမ့်မှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်။ အချစ်ကို ရင်ခုန်စအရွယ်ကနေ အိုမင်းတဲ့အရွယ်အထိ ကင်းကင်းနေလို့ မရပါဘူး။ ငါတို့ကတော့ မချစ်တတ်ဘူး၊ အချစ်အကြောင်းစိတ်ဝင်မစားဘူးလို့ မဆိုပါနဲ့..... မချစ်တတ်တဲ့လူဟာ စိတ်ပိုင်းဆိုင်ရာ တစ်ခုခု ချွတ်ယွင်းနေလို့ ဒါမှမဟုတ် ကြေကွဲစရာအတိတ်တစ်ခုခုရှိခဲ့လို့ပဲ....
ဟုတ်တယ်.. အချစ်အကြောင်းတွေကိုလည်း ကျွန်မရေးတယ်၊ ဒါပေမဲ့ ကျွန်မရေးတဲ့အချစ်ထဲမှာ အတ္တ၊ မာနပြိုင်တဲ့အချစ်တွေ မပါဘူး၊ တစ်ကိုယ်ကောင်းဆန်တဲ့ အချစ်တွေမပါဘူး၊ အားပြိုင်တဲ့အချစ်တွေ မပါဘူး။ ချစ်နေကြသူတွေအချင်းချင်း တစ်ဦးကိုတစ်ဦး ချစ်တတ်ဖို့၊ တစ်ဦးကိုတစ်ဦး လေးစားတန်ဖိုးထားတတ်ဖို့၊ အဓွန့်ရှည်တည်မြဲဖို့တွေ ပါပါတယ်။ အချစ်ကိုဖတ်ပြီး အချင်းချင်း နားလည်မှုရသွားတဲ့ချစ်သူတွေရဲ့ အီးမေးလ်တွေ၊ မက်ဆေ့တွေ ကျွန်မမကြာခဏ လက်ခံရခဲ့ပါတယ်။
ဒါကြောင့် ကိုယ်ကိုယ်တိုင် အချစ်ကိုမတွေ့သေးခင်၊ မခံစားဖူးသေးခင်၊ အချစ်ကိုခံစားတဲ့အရွယ် လွန်နေပြီဆိုခဲ့ရင်လည်း အချစ်အကြောင်းမပြောပါနဲ့လို့
မဆိုလိုက်ပါနဲ့..... စိတ်ချမ်းသာပျော်ရွှင်တဲ့၊ အတ္တ မာနမပါတဲ့၊ တစ်ကိုယ်ကောင်းမဆန်တဲ့ အချစ်နဲ့ ကျွန်မကင်းကင်းနေလို့ မရလို့ပါ...း)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့