ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တွေဟာ စက်တင်ဘာလ ၁၃ ရက်နေ့က မြန်မာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး လုပ်ငန်း ကိစ္စများ
ဆောင်ရွက်ဖို့အတွက် ဆွေးနွေးခဲ့တဲ့ အပြင် အဆိုပါနေ့ နံနက်ပိုင်း ကလည်း ပြည်တွင်းရဲ့ ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေ တွေကိုပါ လေ့လာ ခဲ့ကြတယ်လို့ Ever Flow River Group of Companies မှ သိရပါတယ်။ အဆိုပါ စီးပွားရေး တွေ့ဆုံမှု ကိုတော့ ချက်ထရီယမ် ဟိုတယ်မှာ ညနေပိုင်းက ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဆိုပါ ပွဲမတိုင်မီ နံနက်ပိုင်းမှာ ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တွေဟာ အခုလက်ရှိ ပြည်တွင်းရဲ့ စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက် လာမှု၊ ပြည်ပ ခရီးသွား ၀င်ရောက်မှု တိုးတက်လာမှု၊ စီးပွားရေး အခြေအနေ များတိုးတက် လာမှု အစရှိတဲ့ ပြည်တွင်းရဲ့ တိုးတက်လာမှု အခြေအနေ တွေကို လေ့လာခဲ့ ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် စီးပွားရေး တွေ့ဆုံမှုများ ပြုလုပ်ရာမှာတော့ ရုံးသုံးနဲ့ အိမ်သုံး ပရိဘောဂ ပစ္စည်းများ၊ အိမ်တွင်း အလှဆင် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ နေ့စဉ် အသုံးအဆောင် ပစ္စည်းများနဲ့ ကုန်သွယ်မှု လုပ်ငန်းများ စတဲ့ လုပ်ငန်း အသီးသီးမှ စီးပွားရေး လုပ်ငန်းရှင် ၁၅ ဦး လာရောက် တွေ့ဆုံမှာ ဖြစ်ပါတယ်။ အခုလို တွေ့ဆုံဖို့ အတွက် အဆိုပါ လုပ်ငန်းတွေနဲ့သက်ဆိုင်တဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် ၂၅ ဦးကို ကြိုတင် ချိန်းဆိုပြီး တစ်ဦးချင်းစီ အလိုက် တွေ့ဆုံခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment