Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 14 September 2012

မွေးမြူရေး အစားအစာ ဈေးနှုန်းနှစ်ဆခန့် မြင့်တက်လာ

လက်ရှိ မွေးမြူရေး လုပ်ငန်းသုံး အစာ ဈေးနှုန်းများမှာ ယခင်နှစ် ကထက် ဈေးနှုန်း နှစ်ဆခန့် မြင့်တက် လာတယ်လို့ မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ
ထုတ်လုပ် ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
 
မွေးမြူရေး လုပ်ငန်းသုံး အစားအစာ ဈေးနှုန်းများ မြင့်တက် လာမှုမှာ ပြီးခဲ့တဲ့ ဇူလိုင်လက ပဲဖတ် ဈေးနှုန်းမှာ တစ်ပိဿာကို ၃၂၅ ကျပ်သာ ရှိခဲ့ရာမှ  သြဂုတ်လမှာတော့ တစ်ပိသာကို တစ်ထောင့် နှစ်ဆယ့် ငါးကျပ်သို့ မြှင့်တက် သွားခဲ့ပြီး ယခု စက်တင်ဘာလ မှာတော့ တစ်ထောင့် သုံးဆယ့်ငါး ကျအထိ တိုးမြှင့် သွားတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ယခုလက်ရှိ နှမ်းဖတ် ဈေးနှုန်းမှာ တစ်ပိသာကို ၉၃၅ ကျပ်နဲ့ ဖွဲနုဈေးနှုန်းမှာ တစ်ပိသာကို ၃၂၈ ကျပ်အထိရှိပြီး ယခင်က နှမ်းဖတ် ဈေးနှုန်းမှာ တစ်ပိဿာကို ၅၃၀ ကျပ်၊ ဖွဲနု ဈေးနှုန်းမှာ တစ်ပိဿာကို ၂၄၀ ကျပ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခုလို အစာ ဈေးနှုန်းများ တိုးမြှင့် ရခြင်းဟာ ရာသီဥတု ဖောက်ပြန်မှု တစ်ခု တည်းကြောင့် သာမဟုတ်ဘဲ တောင်သူများရဲ့ ထုတ်လုပ်မှု စရိတ်၊ သယ်ယူ ပို့ဆောင်ရေး စရိတ်၊ အလုပ်သမား စရိတ်များ မြင့်တက် လာမှုများကြောင့် မြင့်တက် လာရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့