ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇွန်လ အတွင်းမှာ ဖြေဆို အောင်မြင်ခဲ့တဲ့ ဒုတိယအကြိမ် ကိုရီးယား ဘာသာ စကား စာမေးပွဲ EPS-TOPIK ဖြေဆို အောင်မြင်ပြီး
အလုပ်မရရှိ သေးသူတွေဟာ ကျန်ရှိတဲ့ စာမေးပွဲ သက်တမ်း ကာလ အတွင်း အလုပ်ရရှိအောင် ပြန်လည် မှတ်ပုံတင် နိုင်တယ်လို့ အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ သိရပါတယ်။ အဆိုပါ EPS-TOPIK စာမေးပွဲဟာ တစ်ကြိမ် ဖြေဆို အောင်မြင် ပြီးတာနဲ့ သက်တမ်း ကာလ နှစ်နှစ် အကျုံးဝင်တာ ဖြစ်ပါတယ်။
အခုလို အောင်မြင်ပြီး သူတွေဟာ အစပိုင်းမှာ အလုပ်အကိုင် လျှောက်ထား ခဲ့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အလုပ်မရရှိ သေးရင်လည်း အခုအခါ ထပ်မံရရှိ လာမယ့် အလုပ်အကိုင် အခွင့်အလမ်း အတွက် သက်တမ်းတိုး လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။ ဒီလို လျှောက်ထားရာ မှာတော့ အလုပ်ခေါ်စာ မရရှိသေး သူတွေဟာ ၂၀၁၃ ခုနှစ်၊ ဇွန်လ အထိ ပြန်လည် မှတ်ပုံတင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ကိုရီးယား နိုင်ငံမှ ကုန်ထုတ် လုပ်ငန်းများ ဆိုင်ရာ အလုပ်အကိုင်များ ခေါ်ယူလျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ကုန်ထုတ် လုပ်ငန်းများ အတွက် အလုပ် လျှောက်လွှာများ ကိုတော့ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၁ နေ့အထိ ထုတ်ပေး သွားမှာ ဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ အတွင်း အလုပ်လျှောက်လွှာ များကို ပြန်လည် လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment