မမျှော်လင့်ရဲသူမို့
ချစ်ခွန်းခွင့်မပန်ပဲ
ရင်ထဲမှာချန်ထားမယ်
ဒီရင်မှာတကယ်မချိလေတာ
သူသိလေမလား ..........၊
မြင်မိလျှင်အစဉ်ငြိတွယ်သမို့
သံယောဇဉ် "အစ"ကို
တမင်မပြလိုပါ
ကာလရှည်နေ့တွေခြားလို့
ထားခဲ့သမျှအလွမ်းတွေ
ကမ်းပြိုလေမှ
"သူ့"ကိုပြောမယ် ..........၊
ဖွင့်မဆိုရဲလို့
ရှောင်တိမ်းနေသူ"ကိုယ့်"ကိုလည်း
"တစိမ်းလူ"လို့သာမှတ်ယူပါတော့
ကွယ်ရာမှာ မတွယ်တာမိအောင်နေပါ့မယ်
သူမသိလည်းရှိစေတော့ ...............။
ချစ်ခွန်းခွင့်မပန်ပဲ
ရင်ထဲမှာချန်ထားမယ်
ဒီရင်မှာတကယ်မချိလေတာ
သူသိလေမလား ..........၊
မြင်မိလျှင်အစဉ်ငြိတွယ်သမို့
သံယောဇဉ် "အစ"ကို
တမင်မပြလိုပါ
ကာလရှည်နေ့တွေခြားလို့
ထားခဲ့သမျှအလွမ်းတွေ
ကမ်းပြိုလေမှ
"သူ့"ကိုပြောမယ် ..........၊
ဖွင့်မဆိုရဲလို့
ရှောင်တိမ်းနေသူ"ကိုယ့်"ကိုလည်း
"တစိမ်းလူ"လို့သာမှတ်ယူပါတော့
ကွယ်ရာမှာ မတွယ်တာမိအောင်နေပါ့မယ်
သူမသိလည်းရှိစေတော့ ...............။
No comments:
Post a Comment