Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Sunday, 9 September 2012
ချစ်သူထက်ပို၍မြတ်နိုးမိသော (ဝတ္ထုတို)
နက်ဖြန်ညနေဆိုအမိမြန်မာပြည်ကိုပြန်ရတော့မှာမို့ နွေ
၂နှစ်သာမျှနေထိုင်ခဲ့ရတဲ့အခန်းလေးကိုသန့်ရှင်းရေးလုပ်နေရင်း အိမ်
အပြန်သယ်ဆောင်သွားရမဲ့ပစ္စည်းတွေစာအုပ်တွေကို ကတ်ထူပုံးထဲ ထည့်သိမ်းနေရင်း သားရေအညိုရင့်ရောင်
လေးဖုံးထားတဲ့ စာအုပ်လေးကို တွေ့လိုက်
ရတယ်.....ဒီစာအုပ်လေးကိုမကိုင်မိအောင်ကြိုးစားရင်း စာအုပ်ပုံတွေရဲ့အောက်ဆုံးမှာထိုးထားခဲ့တာ ခုဆိုရင်
၂နှစ်လောက်ရှိရောပေါ့.....စင်ကပူမှာ
ပညာတော်သင်ဆိုပြီးရောက်လာကတည်းက စာတွေကိုပဲ ကြိုးစားပြီးသင်ယူခဲ့တာ
အရာအားလုံးကိုမေ့ပျောက်နိုင်လောက်တဲ့အထိပေါ့......
မေ့ပျောက်နိုင်တာတော့မဟုတ်ပါဘူး...မေ့ပျောက်ထားခဲ့တာပါလေ...........စာအုပ်ရဲ့ပထမဆုံးစာမျက်နှာ
ကိုလှန်ကြည့်မိလိုက်တော့
" အကြည့်ချင်းဆုံ
ရွှေရင်ခုန်သည်
မလုံသူက
ပြုံးစတမ်း "...............။
စာများတဲ့ဆေးကျောင်းသူတွေရဲ့ထုံးစံအရပေါ့ စာမေးပွဲ တခုပြီးရင် စိတ်အေးလက်အေး
မုန့်ဆိုင်ထိုင်တက်ကြတာ....စကားတွေကို
ဟိုးရှေ့နှစ်ကတည်းကမပြောခဲ့ရတဲ့အတိုင်းဆူညံနေအောင်အလုအယက်ပြောနေကြတာ
ဘေးပတ်ပတ်လည်ကိုမေ့လို့ပေါ့.....နွေ တို့အုပ်စုဆူညံနေတဲ့
အသံတွေကို ဘေးနားကစားပွဲဝိုင်းက လူတွေတောင်လှည့်ကြည့်နေကြပြီ...အဲ့အချိန်မှာ နွေ တခုသတိထားမိတာက နွေ
တို့ စားပွဲရှေ့ဝိုင်းမှာထိုင်နေတဲ့
သူတစ်ယောက်....စာရွက် ဖြူကြီးတခုပေါ်မှာ ခဲတံတစ်ချောင်းနဲ့ တစုံတခုကို
သည်းသည်းမည်းမည်းရေးခြစ်နေတယ်ဆိုတာကိုပဲ....ပြီးတော့ တချက်တချက်
နွေ ကိုလှမ်းလှမ်းပြီးသေသေချာချာစူးစူးစိုက်စိုက်ကြည့်နေသေးတယ်...နွေ လည်းဘေးကသူငယ်ချင်းတွေကို
လက်တို့ပြီးအချက်ပြလိုက်တော့ သူငယ်ချင်း
တွေအကုန်လုံးက အဲ့ဒီလူကိုဝိုင်းကြည့်ကြတယ်...ပြီးတော့
" နွေရေအဲ့တာမင်းကိုကြည့်ပြီးပုံဆွဲနေတာဖြစ်မယ် "....သူငယ်ချင်းသီသီကပြောတယ်
ကျန်တဲ့သူတွေကလည်းအကုန်လုံးထောက်ခံကြတယ်.....
နွေ တို့အုပ်စုလည်းသွားချဲမယ်ဆိုပြီး သူနားရောက်တော့ သူဆွဲနေတာ နွေပုံမဟုတ်ပဲ
နွေတို့အနောက်ဘက်နားမကျတကျမှာ ကလေးတစ်အုပ်ကိုနို့တိုက်
နေတဲ့ ခွေးမိသားစုတစုပုံဖြစ်နေတယ်....နွေတို့တတွေ ကြောင်အပြီးဆက်ရပ်နေတော့ သူကမော့ကြည့်တယ်...ပြီးတော့ ထိုင်လေတဲ့
ကဲ...ငိုရမှာလားရီရမှာလားနော်......
နွေတို့လည်း ကိုယ့်စားပွဲဝိုင်းကိုယ်ပြန်ရောက်တော့ ခဏကလိုဆူညံမနေတော့ပေမဲ့
နွေရဲ့သူငယ်ချင်းတွေကတော့ကျိတ်ပြီးနွေ ကိုရီနေကြတယ်....
နွေကတော့သူ့ကိုမကြာခဏလှမ်းကြည့်မိတယ်....တချက်တချက် သူနဲ့ အကြည့်ချင်းစုံမိတဲ့အခိုက်အတန့်လေးမှာတော့
နွေအဲ့စက္ကန်ပိုင်းလေးတွေကို
အပိုင်ရလိုက်သလိုပါပဲ..........အိမ်ပြန်ရောက်တော့ ဒိုင်ယာရီစာအုပ်လေးအသစ်တစ်အုပ်ထုပ်ပြီး ချက်ချင်းချရေးဖြစ်တဲ့
ကဗျာမမှီ စာမပီ လေးကတော့
" အကြည့်ချင်းဆုံ
ရွှေရင်ခုန်သည်
မလုံသူက
ပြုံးစတမ်း "...............
တဲ့...ဆေးထိုးအပ်ကိုင်မဲ့ ဆရာဝန်မပဲနော်..ကဗျာလေးဆင်လုံးမချောပေမဲ့
သူဟာနဲ့သူတော့လှနေတယ်လို့နွေထင်တာပဲ..........။
အဲ့နောက်ပိုင်းသူနဲ့မတွေ့ဖြစ်ကြပေမဲ့ နွေသူ့ကိုမကြာခဏသတိရနေမိတယ်...သူ့ကိုသတိရတိုင်း
ကန်ဘောင်ပေါ်က ခွေးမိသားစုကို မုန့်တွေ
ဝယ်ပြီးသွားသွားကျွေးနေလို့ သူငယ်ချင်းတွေရဲ့အဟားကိုခံရတာလည်းခဏခဏပါပဲ....ဒါပေမဲ့ နွေမရှက်နိုင်ပါဘူး
နွေကသတိရနေမိတာကိုး....တနေနေ့
မှာတော့ နွေသူနဲ့ပြန်ကိုဆုံလိမ်မယ်လို့ယုံကြည်နေမိတယ်...သူနဲ့နွေက ကံကိုစပ်ရမယ်လို့ကိုယ့်ပါတာအတင်းကို
ယုံကြည်လက်ခံထားလိုက်တယ်
ကောင်းဘူးလား.........အဲ့တာ နွေစိတ်ချမ်းသာမူ့ကို ကိုယ့်ပါတာရှာဖွေထားတာလေ.............။
နွေအထင်တွေမှန်ကန်တယ်လို့ပဲပြောရမလား
...ကံဇတ်ဆရာကမျက်နှာသာပေးလိုက်တယ်လို့ပဲပြောရမလား......ဒါမှမဟုတ် တရုတ်သိုင်း
ကားတွေထဲကလိုပဲ....မိုးနတ်မင်းကယ်တယ်
လို့ပဲပြောရမလား........အဲ့ဒီနေ့ကရန်ကုန်မြို့ရဲ့ထုံးစံအတိုင်းမိုးကမပြောမဆိုရွာချလိုက်တော့ နွေတို့အုပ်စု
ဘယ်ဆီပြေးရမှန်းမသိပဲ ခြေဦးတည့်ရာလူဝင်လူထွက်အနည်းငယ်ရှိနေတဲ့
အဆောက်အအုံတခုထဲကိုအပြေးအလွားပြေးဝင်မိုးခိုလိုက်တယ်....အထဲရောက်
မှသတိထားလိုက်မိတာက ပန်းချီပြခန်းတခုဆိုတာကိုပဲ...ပန်းချီတွေနဲ့အတူ
ပန်းပုတွေကိုပါပြသထားတာကိုတွေ့ရတယ်...နွေတို့အုပ်စုလည်းလျှာကလည်း
ရှည်တက်တဲ့အုပ်စုဆိုတော့ ပန်းချီတွေပန်းပုတွေကိုမတက်သခေါက်လိုက်ကြည့်ရင်း
ကိုယ့်ရဲ့ထင်ရာမြင်ရာတွေဇွတ်ပြောငြင်းခုန်နေကြတာ တိတ်ဆိပ်ငြိမ်
သက်နေတဲ့ပန်းချီပြခန်းလေးထဲမှာ နည်းနည်းတော့ဆူညံလာတာပေါ့.... " ပန်းချီပြပွဲက
ပန်းချီဆရာတစ်ယောက်တည်းရဲ့လက်ရာကိုပြတာဖြစ်မယ်...
ပြောရမယ်ဆိုရင် one man show ဖြစ်လိမ့်မယ် "......သီသီရဲ့စကားဆုံးတော့အကုန်လုံးမျက်စောင်းဝိုင်းထိုးကြတယ်
" တော်လိုက်တဲ့ဆရာမကြီး ပန်းချီအားလုံးရဲ့အောက်မှာ ထိုးထားတဲ့လက်မှတ်တွေကအကုန်တူတူပဲကိုး
နင်ပြောမှငါတို့သိရရှာတယ် မိသီရယ် ".....
" နွေ....နွေ ဒီမှာကြည့် နင့်ပုံ "....
" ဟင် ".....
" ဟို ဟုတ်ဘူးလေ...ဒီပုံ ကန်ဘောင်ပေါ်မှာနင့်နဲ့မှားဆွဲထားတဲ့ပုံ.....အဲ့ ဟုတ်ဘူး"
နွေ ....နန္ဒကိုမျက်စောင်းတချက်လှမ်းထိုးပြီးပုံကိုကြည့်လိုက်တော့ နွေကိုယ်တိုင်
ဘာမှမပြောနိုင်တော့လောက်အောင်အံသြသွားမိတယ်...
ရင်တွေလည်းတဒိတ်ဒိတ်ခုန်လို့ပေါ့.........လက်မှတ်နေရာလေးကိုကြည့်လိုက်တော့ ပြခန်းတခုလုံးမှာရှိတဲ့
လက်မှတ်နဲ့တူတူပဲလေ...ဒါဆို သူကပန်းချီ
ဆရာပေါ့.....နွေတို့အုပ်စု ပြခန်းတာဝန်ခံဆီမှာသွားစုံစမ်းတော့........
ဆရာခဏနေပြန်လာမှာ တွေ့ချင်ရင် ခဏထိုင်စောင့်ပါ ဆိုတော့ နွေတို့အုပ်စုထိုင်စောင့်ခဲ့ကြတယ်........
အဲ့ကစပြီးသူနဲ့ရင်းနှီးခဲ့ကြတယ်....သူနာမည်က မိုးယံ တဲ့ ပန်းချီလောကမှာဆရာတစ်ဆူတဲ့
ခုပန်းပုတွေပါထုဆစ်နေသူလို့လည်းသိရတယ်......
သူနဲ့ရင်းနှီးပြီးတော့ သူအိမ်ကို
နွေတို့အုပ်စုသွားလယ်ကြရင်းနောက်ပိုင်းတော့သူအိမ်ကနွေတို့အုပ်စုရဲ့စာကျက်စရာနေရာလေးဖြစ်ခဲ့တယ်....
သူဆွဲသမျှပန်းချီတွေကိုအရင်ဆုံးကြည့်ခွင့်ရတဲ့သူကနွေပဲ ဖြစ်ခဲ့တယ်....သူကမိဘတွေမရှိတော့ပဲ
ဦးလေးလင်မယားနဲ့အတူနေတယ်...
ဦးလေးလင်မယားကလည်းသူ့ကိုစောင့်ရှောက်ရင်းနေကြပေမဲ့ အရာရာသူ့သဘောအတိုင်းနေထိုင်ကြတယ်.....ဒီလိုနဲ့
ဆေးကျောင်းသူလေးနွေနဲ့
ပန်းချီဆရာ မိုးယံ တို့ချစ်သူဖြစ်ခဲ့ကြတယ်..........
ချစ်သူတွေဖြစ်တော့လည်း နွေကို သူကအရမ်းကိုချစ်တယ်...နွေလည်းချစ်တာပဲလေ....
နွေတို့အတွဲကို သူငယ်ချင်းတွေကတောင်အားကျရတဲ့အတွဲဖြစ်ခဲ့တယ်......
သူကနွေရဲ့ပုံတူ ပန်းချီကားလေးဆွဲပေးတယ်....ပြီးတော့နွေ့ကို ကျောင်းပြီးရင်ဆံပင်အရှည်ကြီးထားရမယ်တဲ့
နွေးရဲ့ဂုတ်ဝဲဆံပင်တွေကိုကိုင်ကြည့်ရင်းပြော
တော့နွေ ကတလေးတစားခေါင်းငြိမ့်ခဲ့တယ်......နွေတို့နှစ်ယောက်ရဲ့
ချစ်သူဘဝကအရမ်းကိုသာယာပါတယ်...နွေမိဘတွေကလည်းသဘောတူတယ်
သူဘက်ကလည်းပြောစရာမရှိဘူးလေ....နွေ
ကျောင်းပြီးရင်လက်ထပ်ဖို့ဆုံးဖြတ်ထားကြတယ်....ဒါပေမဲ့...နွေကျောင်းမပြီးသေးချင် ...တစ်နှစ်အလိုမှာ
တော့.......
" နွေရယ် အဲ့လောက်ထိမငိုပါနဲ့...သူတောင်အရှက်မရှိသစ္စာဖောက်ပြီးလက်ထပ်သွားသေးတာပဲ "....
" နင်ဘာမှဂရုစိုက်နေစရာမလိုဘူး ".....
" ခုသူယူသွားတဲ့ကောင်မလေးကနင်လောက်လည်းလှမှာမဟုတ်ပါဘူး ပညာလည်းနင်လောက်တက်ဖို့မရှိပါဘူး ".....
" နင်နဲ့သူမတန်လို့ တန်ရာတန်ရာရသွားတာ ထားလိုက်စမ်းပါဟာ ".........
" အေးလေ ဟုတ်တယ် "... " ဟိုပညာရှိမဟောသဓလက်ထပ်တုန်းကတောင်
ဟိုဒေဝီလေ...မိဖုရားဖြစ်သွားတဲ့မင်းသမီးလေ...
သူတောင် သူ့အဖေပေးစားတဲ့သူနဲ့မတန်လို့ သူ့ကိုပစ်ထားခဲ့တာ
ဘုရင်ကတွေပြီးမိဖုရားမြောက်လိုက်တာလေ....ဘယ်သူလည်း....ငါမေ့နေတာ "....
" နင်ကလည်းတော်ပါတော့မိသီရယ်...ဒီမှာ နွေ ငိုနေတာ ကိုမချော့ဘူး
မသိတာတွေပဲလျှောက်ပြောနေတယ်....တိတ်တိတ်နေ ".........
" ငါလည်းတက်သလောက်ပြောတာပဲ....နင်ကလည်း".....အဲ့လိုချစ်ဖို့ကောင်တဲ့သူငယ်ချင်းတွေရဲ့ အားပေးမူတွေနဲ့
နွေကျောင်းပြီးအောင်တက်ခဲ့တယ်...
ကျောင်းတွေပြီးတော့ စာမေးပွဲတွေအဆင့်ဆင့်ဖြေရင်း ပညာတော်သင်နှစ်နှစ်ကိုနွေရရှိခဲ့တယ်.....နွေ ခုပညာတွေစုံလို့
အိမ်ပြန်ရတော့မယ်.......သူကကော
သားသမီးတွေနဲ့ပျော်နေပြီလား........တခါတလေ
နွေကိုများပြန်သတိရနေအုန်းမလား...အတွေးလေးကိုခေါင်းဖြေးဖြေးခါရင်း မဖြစ်နိုင်ပါဘူးနော်....
တကယ်ဆိုနွေကပဲ အသည်းနင့်အောင်ချစ်ခဲ့ရတာ....သူ့ကိုဘယ်တုန်းကမှမမုန်းခဲ့ဘူး....ပြီးတော့
နွေသူကိုခွင့်လွှတ်နိုင်တုန်းပဲ......ဘာပဲဖြစ်ဖြစ်ပေါ့
ဖူးစာမပါလို့ လက်မထပ်နိုင်ခဲ့တဲ့ ချစ်သူနှစ်ဦးလမ်းခွဲတာ အမုန်းတွေမပါသင့်ဘူးလို့ပဲ
နွေထင်တယ်လေ...ပြီးတော့နွေသူ့ကိုတကယ်ချစ်ခဲ့တာကိုး....
ခုချိန်ထိနောက်ထပ်ဘယ်သူ့ကိုမှရင်မခုန်ခဲ့တော့တာအမှန်တရားပါပဲ............။
နွေမြန်မာပြည်ကိုပြန်ရောက်တာ ခုဆိုတလရှိပြီ....နွေလည်းမအားတာနဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့
သီသီနဲ့ နန္ဒ တို့ရဲ့အားလပ်ရက်ကိုစောင့်ရင်း
ဒီနေ့မှ သူငယ်ချင်း ၃ယောက်ဆုံဖြစ်ကြတယ်.......ကန်ဘောင်ပေါ်မှာထိုင်ရင်း တချိန်က
ပုံရိပ်လေးတွေကိုပြန်မြင်ရောင်လာမိတော့လည်း နွေ မျက်ရည်ဝဲ
ရပါတယ်ချစ်သူရယ်........သီသီကတော့ နွေကိုလှမ်းလှမ်းကြည့်ပြီး နန္ဒ နဲ့တံတောင်ချင်းတွတ်
နေတယ်..သူတို့နှစ်ယောက်ကကျောင်းကတည်းအတိုင်းပဲ
..." ဘာပြောမလို့လည်း သီသီရဲ့ပြောလေ "...
" ဟိုလေ...ငါတို့ပြောရင် နင်ဝမ်းတအားမနည်းရဘူးနော်.....ပြီးတော့မငိုရဘူးနော် "........
" မငိုပါဘူး....နွေကဘာလို့ငိုရမှာလည်း...ပြော "....
နောက်မှနွေသတိရပြီ...." ကိုမိုးယံ သေသွားလို့လား........ဟုတ်လား "
" သီသီကခေါင်းကိုခါပြီ....မဟုတ်ပါဘူး....နင်ကလည်း "
နန္ဒာက စိတ်မရှည်သံနဲ့... " နင်ကလည်းငါပြောလိုက်မယ် ".......
" ဒီလိုနွေရေ...တကယ်တော့ ကိုမိုးယံ ကဘယ်သူနဲ့မှလက်မထပ်ဘူးဟ"...
" သူလက်ထပ်သွားပြီလို့နင့်ကိုတမင်ပြောလိုက်တာ" ....
" ဟင် ".......
" ဟုတ်တယ်.....သူတကယ်လက်မထပ်ဘူး......ခု ကိုမိုးယံ
မျက်လုံးတွေလုံးဝမမြင်ရတော့ဘူး...သူမျက်လုံးတွေကွယ်တော့မယ်ဆိုတာသိလို့ သူနင့်ကို
ထားခဲ့တာတဲ့....ပြီးတော့...သူခုထိနင့်ကိုချစ်နေတုန်းပဲ "....
" ဟင်..သူမျက်လုံးတွေက ဘာဖြစ်လို့လည်း ".....
" ငယ်ငယ်ကတည်းကပန်းချီဆွဲခဲ့တဲ့ဒဏ်တွေနဲ့...နောက်ပြီးသူပန်းပုထုတဲ့သစ်မူန့်တွေမျက်လုံးထဲရောက်တာများတာရယ်ကြောင့်တဲ့ ".......
" ပြီးတော့သူအမေကအဲ့လိုပဲငယ်ငယ်ရွယ်ရွယ်နဲ့မျက်လုံးတိမ်ဖုံးပြီးလုံးဝကွယ်သွာတာတဲ့
မျိုးရိုးလိုက်တယ်လို့ပြောရမှာပေါ့ "........
" နင်တို့ဘယ်ကသိတာလည်း ".......
" နင် နိုင်ငံခြားပညာတော်သင်ထွက်သွားပြီးတော့ ကိုမိုးယံရဲ့ဦးလေးနင့်ကိုလာရှာတော့
ငါတို့နဲ့တွေ့ပြီးအကြောင်းစုံပြောပြသွားတာ
သူ့တူကိုသနားလို့တဲ့....ခုလည်းမမြင်ရတဲ့အထဲ...နင့်ပုံကိုမှန်းဆပြီးပန်းပုထုနေတယ်တဲ့ ".......
ချစ်သူ ရင်ထဲမှာကမ္ဘာပြိုနေပြီ...အသံမမြည်ပါဘူး...တဖြေးဖြေးပဲကွဲအပ်ပြီးကျသွားတာပါ...........။
လေနဲ့ဝှေ့ပြီးပါလာတဲ့ဆံပင်ရှည်တွေကိုသိမ်းယူလိုက်ရင်း....နွေအသာလေးပြုံးလိုက်မိတယ်...ရင်ထဲမှာ
ဟိုလွန်ခဲ့တဲ့ လေးနှစ်ကျော်ကာလဆီတုန်း
ကလိုပဲ ရင်တွေတဒိတ်ဒိတ်နဲ့ခုန်နေတယ်......ပြီးတော့ သူလာမဲ့လမ်းလေးကိုမျှော်ကြည့်ရင်း ကဗျာလေးကို
တိုးတိုးလေးရွတ်လိုက်မိတယ်......
" အကြည့်ချင်းဆုံ
ရွှေရင်ခုန်သည်
မလုံသူက
ပြုံးစတမ်း "
..................နွေပါတာတစ်ယောက်တည်းပြုံးနေမိတယ်.........။
" ဟော........လာပါပြီ နွေရဲ့အသက်တမျှချစ်သူလေး ".........
သူ့ကိုစိတ်မဆိုးပေမဲ့ စိတ်တော့ဆိုးချင်သားနော်.......နွေအချစ်ကိုအထင်သေးသွားတဲ့သူ့ကိုမုန်းချင်ရက်နဲ့
စက္ကန့်ပိုင်းလေးတောင်မမုန်းရက်နိုင်ပါ......
အရင်လိုပါပဲ ရှပ်အကျီကိုကြယ်သီးအစုံတပ်ထားပြီး
စတိုင်ပန်အနက်ရောင်နဲ့...မျက်မှန်အညိုဖျော့ခပ်ပါးပါးရှည်ရှည်လေးကိုတပ်ထားတဲ့ချစ်သူက
အရင်လိုပဲအလှကြိုက်တုန်းပဲပေါ့....ဒါပေမဲ့ ရှေ့ကအရင်ကြိုရောက်နေတဲ့စတီး
တုတ်ချောင်းကြောင့်ကြည့်ရတာမလှပလိုက်တာကွယ်.....
အဲ့ဒီတုတ်အစားနွေ ကတသက်လုံးဖေးမတွဲကူသွားပါ့မယ်...........။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
September
(756)
- ချစ်သူ.........
- အချစ်ရှိတဲ့နေရာ
- စာစုလေးများ
- ညသူခိုး
- {{{{{{{{{ ရက်စက်သူတို့ နှလုံးသား }}}}}}}}}
- ကျိန်စာ
- မောင်စိန်ဝင်း(ပုတီးကုန်း)၇ဲ့ ကဗျာလေးတွေပါ
- ရင်ဘတ်ကြီးထဲကလာတာပါ
- ဘာကြောင့်
- လမ်းခွဲ
- ငါဟာ အမြဲပျော်ရွှင်နေသူပါ...
- ဆောရီးပါ
- နောက်ဆုံး
- # ပညာစကားလက်ဆောင် #
- အဖော်မဲ့အလွမ်း
- မင်းစိတ်နဲ့ကိုယ်
- အဝေးကချစ်သူသို့******
- သီချင်းတွေမှာ စာသားထည့်ဖို့
- » ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်း...
- ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင...
- ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော
- man v's cow
- အချစ်ဆိုတာခွန်အား
- အချစ်
- iPhone အသုံးပြုမှု လက်စွဲ လမ်းညွှန် ( E-Book )
- ချစ်သူရယ်....
- ကိုးရီးယားမင်းသားမင်းသမီးfacebookအကောင့်များ
- Wondershare DVD Slideshow Builder Deluxe 6.1.11.65...
- Android Device မှာ bowling ကစားချင်သူများအတွက် 3D ...
- ကမ္ဘာမကျော်တို့ရဲ့အဆိုအမိန့်များ
- ♥...မှ...သို့...♥ချစ်တယ်♥...♥
- မြို့နယ် ၁၅ မြို့နယ်တွင် EAHMI စီမံကိန်း ပြုလုပ်သွ...
- ၂၀၁၃-၁၄ ခုနှစ်အမီ အရေးပေါ် ကုသမှုဌာန ပေါ်ပေါက်ရန် စီစ...
- ခွေးများကို ခွေးရူး ကာကွယ်ဆေး အခမဲ့ ထိုးပေး
- မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ အကျိုးတူ ...
- မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့် ရရှိ...
- ခုံးကျော် တံတား ၄ စင်း တည်ဆောက်ရာတွင် ဘီလီယံ ၅၀ နီ...
- မြို့နယ် ၇ မြို့နယ်တွင် GSM စခန်းများ တိုးချဲ့ တပ်...
- နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်မှု ၁၅ ရာခိုင်နှုန်းြ...
- အနောက် ဥရောပနိုင်ငံများ အနက် ပြင်သစ်နိုင်ငံမှ မြန်...
- သြစတြေးလျသို့ ပြည်တွင်းမှ သွားရောက် ပညာသင်ကြားမှုေ...
- စက်မှုလက်မှု ကုန်ထုတ်အစု အဖွဲ့များအား ငွေကျပ် သန်းပေ...
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ
- စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် ...
- စက်တင်ဘာ (၂၇)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ...
- ပိတောက်ပင် ရေနံမှော် လက်ယက်တွင်း မီးလောင်မှုဖြစ်ပြီ...
- တိုက်ခန်းနောက်ဘက် အရေးပေါ်လှေကား ကွန်ကရစ်နဲ့ ပြုလုပ...
- အမေရိကန်နှင့် မြန်မာ စစ်ရေးပူးပေါင်းရန် အစီအစဉ်ရှိ
- လူမျိုးရေး ပဋိပက္ခ အသွင်ဆောင် နေမှုကို ကြိုတင် တာြး...
- ဘိုရှီလိုင် တရုတ်ကွန်မြူနစ်ပါတီက ဖယ်ရှားခံရ
- ကရင်အမျိုးသားအစည်းအရုံး အတွင်း သဘောထားကွဲ
- မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို ဖမ်းဆီး
- တက္ကသိုလ်ဆရာ/ ဆရာမများ အသင်းများအား တရားဝင် မှတ်ပုံ...
- တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြ...
- ဘားအံမြို့တွင်ဖွင့်မည့် ဆက်ဆံရေးရုံး ဗဟိုကစီစဉ်ခြင...
- ဘင်္ဂါလီ ရပ်ကွက် အတွင်း ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ရ...
- » စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစ...
- ပုဂံ-ညောင်ဦးမြို့ နယ်မှာ မှု့ ခင်းကျဆင်းရေး လက်ကမ်း...
- လုံခြုံရေး တာဝန်ရှိသူများက ကလေးအရိုက်ခံရသည့် သတင်း...
- စစ်တွေမြို့ အင်္ဘာလာ ရပ်ကွက် မြင်ကွင်း ဓါတ်ပုံများ
- လွှတ်တော်ကိုယ်စားလှယ်များပင် စစ်ဆေးမေးမြန်းမှု ခံနေရ...
- မြို့ တော် အလှကို ပျက်စီးစေသည့် ကြော်ငြာ ဆိုင်းဘုတ...
- စက်တင်ဘာလ ၂၄ ၇က်နေ့ ထုတ် (၇) ရက် ဈေးဝယ်လမ်းညွန် ဂ...
- စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ကို လူထောင်နှင့်ချီဝိ...
- ကျုံပျော် အင်းလေလံ ရန်ပွဲ ရဲက ပစ်လို့ လူ ၁ ယောက်ေ...
- စက်တင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journal
- » ဒေါ်အောင်ဆန်း စုကြည် ယေးလ်နဲ့ ဟားဗတ်မှာ မိန့်ခွန်...
- ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ
- သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေညီလာခံ မိန့်ခွန်း ပြု...
- သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန...
- ကျောက်ဖြူမြို့တွင် အာဏာပိုင်များနဲ့  ပူးပေါင်းပြီး...
- အလုံမြို့နယ်တွင် အမျိုးသားတစ်ဦး အလောင်းတွေ့
- တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက် ရန်ကုန်နည်းပညာတက...
- » တောင်ကြီးမြို့ မှာ ငြိမ်းချမ်းရေးနေ့ ချီတက်ပွဲတွ...
- » စာတင်သော်လည်း ထူးခြားမူမရှိ၍ အောက်တိုဘာတွင် ရှေ့...
- လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ...
- ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း
- သတင်းတိုများ
- ၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်
- » ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကြောင့် အမေရိကန်ဧည့...
- » ကျောတစ်ခင်းစာ တိုက်ပွဲနှင့် ဆေးမရှိသေးသည့် အိမ်က...
- » ဖားကန့်နှင့် အနီးတစ်ဝိုက် ကယ်ဆယ်ရေးစခန်း ၃ ခုတွင...
- ဂျိမ်းစ်ဘွန်း မင်းသားကြီး ရော်ဂျာမိုး မြန်မာနိုင်င...
- ရွှပြည်သာမှ မသန်စွမ်းအမျိုးသမီး အဓမ္မကျင့်ခံရမှု ကြေည...
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် The Hot News Weekly Vol-3...
- `မစု... ပိန်သွားတယ်`
- သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မှာ...
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- လျှပ်စစ်မီး အပြည့်အ၀မရရှိမှု စီစစ်ဆောင်ရွက်ပေးရန်ေ...
- » မြိတ်မြို့ပေါ်က ဆိုင်ကယ်များလိုင်စင် ပြုလုပ်ရန်အတ...
- (၁၃၃) ကြိမ်မြောက် မြင်းခြံမြို့ နယ်လုံးဆိုင်ရာ သုံ...
- ဧရာဝတီတိုင်းလွှတ်တော်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်မျာ...
- » ပြည်မြို့ တရုတ်တန်းလမ်း မီးလောင်မှုနှင့် ပက်သက်၍...
- စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၂၃
- » စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ(၁၃)၊ ...
- ဟင်္သာတမြို့က ဆိုင်ကယ်လိုင်စင်ဝင်တဲ့ ပြည်သူတွေရဲ့ ဒုက္ခ
- မအူပင်မြို့မှ သစ်တောဝန်ထမ်းများ ဥပဒေကင်းမဲ့နေခြင်း
- သတ်မှတ် ၂၁ ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်...
- ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ရှားပါးမှု ကြုံနေရဆဲ
- အစွယ်ဖြတ်ခံရသည့် ဆင်(၂)ကောင်အတွက် တရားခံမမိသေး
-
▼
September
(756)
No comments:
Post a Comment