Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 9 September 2012

..ငါကျေနပ်ပါတယ်...ချစ်သူ..

ငါကျေနပ်ပါတယ်ဟာ….
နင်ကငါ့ဘ၀ရဲ့ပဲ့ကိုင်ရှင်ပါ
ဘာတွေဖြစ်နေပါစေ…..
နင့်ကိုချစ်တဲ့ငါ့အချစ်တွေက
ထာဝစဉ်ရှင်သန်နေမှာပါ….
တစ်ချိန်မှာနင်ပစ်သွားခဲ့ရင်တောင်
ရင်နာနာနဲ့ပဲ……
လက်လွှတ်ပေးလိုက်မှာပါ
ဘာဖြစ်လို့လည်းဆိုတော့
ငါချစ်တဲ့နင့်ကို
ပျော်နေတာပဲမြင်ချင်လို့ပေါ့……
ဆုံးဖြတ်ပါ….
ကြိုက်သလိုသာဆုံးဖြတ်ပါ……
နင်ကောင်းစားဖို့ဆို
ငါ့တစ်ဘ၀လုံးကို
နင့်ခြေထောက် နဲ့နင်းချေပစ်လိုက်စမ်းပါ….
ကျေကျေနပ်နပ်ကြီးနဲ့
အနင်းခံမယ့်သူပါဟာ….
ဒါပေမယ့်နင့်ကိုချစ်တဲ့
ငါ့အချစ်တွေကိုတော့နင်းမချေသွားပါနဲ့…..
ဒါလေးတစ်ခုတော့
တောင်းပန်ပါရစေ…..
ကျေနပ်ပါတယ်….
နင်ဆုံးဖြတ်တဲ့ကိစ္စတိုင်းကိုပေါ့……

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့