Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 18 September 2012

အကျဉ်းသား ဦးရေ ၅၀၀ ကျော်အား လွတ်ငြိမ်း ချမ်းသာခွင့်ပြု

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဟာ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊
လူသားခြင်း စာနာ ထောက်ထားမှုကို အလေးပေး ခြင်းအားဖြင့် လည်းကောင်း၊ နိုင်ငံတော်ရဲ့ မေတ္တာနဲ့ စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးမှာ တစ်ဖက် တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေမယ့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေဖို့ အတွက် လည်းကောင်း အိမ်နီးချင်း နိုင်ငံများနဲ့ နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး ချစ်ကြည်ရေးတို့ အတွက် ရည်ရွယ်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ က နဲ့အညီ ပြည်တွင်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား များအား လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို လွတ်ငြိမ်း ချမ်းသာခွင့်ပြု ရာမှာတော့ ပြည်တွင်းရှိ အကျဉ်းထောင် အသီးသီးမှာ အကျဉ်း ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသားများ အပါအ၀င် စုစုပေါင်း အကျဉ်းသား ၅၁၄ လေးဦး တို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁(၁) အရ စက်တင်ဘာလ ၁၇ ရက်နေ့မှ စကာ လွတ်ငြိမ်း ချမ်းသာခွင့်ပြု လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အကျဉ်းသားများ လွတ်ငြိမ်း ခွင့်ပေးမှုကို ၂၀၁၂ ခုနှစ် အတွင်း မှာတော့ ဇန်န၀ါရီလ ၂ ရက်နေ့က တစ်ကြိမ် ခွင့်ပြုခဲ့ သလို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွင်း မှာတော့ မေလမှာ တစ်ကြိမ်၊ အောက်တိုဘာလမှာ တစ်ကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်များ ခွင့်ပြုပေးခဲ့ပြီ ဖြစ်ပါတယ်။

အင်းစိန် ဗဟို အကျဉ်းထောင်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ စက်တင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိတဲ့ သူတွေထဲက ၁၀ ဦးကို အင်းစိန် အကျဉ်းထောင်မှ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်း မှာပဲ လွတ်ပေး ခဲ့ကြောင်း သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့