ပြည်တွင်းရှိ လုပ်သားတွေ အနေနဲ့ လုပ်ငန်းခွင် အတွင်း ၀င်ရောက် လုပ်ကိုင် ကြရာမှာ ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ အားနည်း နေသေးတယ်လို့ အလုပ်သမား
ဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးမောင်မြင့်ရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ပြောကြားမှုကို ပြည်ထောင်စု ၀န်ကြီး ဦးမောင်မြင့်ဟာ စက်တင်ဘာလ ၁၇ ရက်နေ့က လှိုင်သာယာ မြို့နယ်ရှိ သုခစုစံ ပြည်ပ လုပ်ငန်းခွင် စက်မှု သင်တန်းကျောင်းနဲ့ စက်ရုံများသို့ လှည့်လည် ကြည့်ရှုခဲ့စဉ် သုခစုစံ သင်တန်း ကျောင်းတွင်း အလုပ်သမားများ လုပ်ငန်းခွင် ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ များကို ပိုမို တိုးတက် လုပ်ကိုင်နိုင်စေဖို့ အတွက် အကြံပြု ပြောကြား ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ လုပ်သားတွေ အနေနဲ့ အလုပ်ခွင် ၀င်ရောက်ရာမှာ လုပ်ငန်းခွင် ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ အားနည်းနေ တာကြောင့် လုပ်ငန်းခွင် ပိုမို ကျွမ်းကျင်မှု ရှိစေဖို့နဲ့ လုပ်သားများ အတွက် စွမ်းရည် မြှင့်တင်ဖို့ အလုပ်သမား ကျွမ်းကျင် သင်တန်း ကျောင်းတွေ ထပ်မံ ဖွင့်လှစ်နိုင်ဖို့ အတွက်လည်း အလုပ်ရှင်များ ဘက်မှ ပူးပေါင်း ပါဝင်ဖို့လိုအပ် တယ်လို့ သိရပါတယ်။
ပြည်ထောင်စု ၀န်ကြီးဟာ အခုလို လုပ်သား ကျွမ်းကျင်မှု သင်တန်းတွေနဲ့ပတ်သက်ပြီး ကြည့်ရှု အကြံပြု ခဲ့သလို လှိုင်သာယာ စက်မှုဇုန် ၃ ရှိ FAME ဆေးဝါး စက်ရုံတွင်း ဆေးဝါးပင် စိုက်ပျိုးထား ရှိမှုများနဲ့ သဘာဝ နည်းနဲ့ အခြောက်ခံမှု၊ လုပ်ငန်းခွင် အလိုက် ဆေးဝါး ထုတ်လုပ်မှုနဲ့ အလုပ်သမား ရေးရာ ကိစ္စရပ်များ ကိုလည်း လေ့လာခဲ့ ပါတယ်။ ဒါ့အပြင် အထည်ချုပ် လုပ်ငန်း တစ်ခုဖြစ်တဲ့ Universal Apparel အထည်ချုပ် စက်ရုံကို သွားရောက်ကာ အလုပ်ရှင်၊ အလုပ်သမား အကြားရှိ လုပ်ငန်း ဆောင်ရွက်မှု အပိုင်းတွေ ကိုလည်း ကြည့်ရှုပြီး လိုအပ်ချက်များကို မှာကြား ခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment