Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 18 September 2012

ပြည်ပခရီးသွား ၀င်ရောက်မှု များပြား လာစေရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်ရှိ

ပြည်တွင်းသို့ ပြည်ပ ခရီးသွား ၀င်ရောက်မှုတွေ ယခုထက် ပိုမိုများပြား လာစေဖို့ အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက် သွားဖို့
ရှိတယ်လို့ ငွေဆောင် ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ဆောင်ရွက်ရ တာဟာ ပြည်ပခရီးသွားတွေ အနေနဲ့ မြန်မာပြည် အကြောင်းကို သိရှိပြီး လာရောက် လည်ပတ်လိုမှုတွေ ဖြစ်ပေါ်လာ စေဖို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့စီစဉ်တာ ဖြစ်ပါတယ်။

အခုလို ဆောင်ရွက်မှုမှာ နိုင်ငံတကာ Brand Marketing တစ်ခုနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းရဲ့ ပွင့်လင်း လာတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အခြေအနေ တွေကြောင့် ပြည်ပ နိုင်ငံခြားသားတွေ ပြည်တွင်းကို ၀င်ရောက် လာဖို့ စိတ်ဝင်စားလာ ကြပါတယ်။ အဲ့ဒါကြောင့်လည်း ပြည်တွင်းရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများမှာ လက်ရှိ ပေးဆောင် နေတဲ့ ၀န်ဆောင်မှုများထက် ပိုမို ကောင်းမွန်တဲ့ ၀န်ဆောင်မှုများ အဖြစ် မြှင့်တင်ခြင်း၊ အခန်း အရေအတွက် ပိုမိုများပြား လာအောင် ပြုလုပ်ခြင်း၊ ဗီဇာရရှိမှု လွယ်ကူအောင် ပြုလုပ်ပေးခြင်း စတာတွေကို ပြုလုပ်ပေး လျက်ရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနနဲ့ အခြေခံပညာ ဦးစီးဌာနများ ပူးပေါင်းပြီး ဟိုတယ် ဇုန်တွေမှာ ဟိုတယ် အခြေခံ သင်တန်းနဲ့ ၀န်ဆောင်မှု မြှင့်တင်ရေး သင်တန်းများ ကိုလည်း သင်ကြားပေး လျက်ရှိနေ တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့