Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 17 September 2012

နောင်လာမည့် ၂ နှစ်ကျော် ကာလအတွင်း ရာဘာကုန်ကြမ်း ထုတ်လုပ်မှု ပိုမိုထွက်ရှိ လာမည်

လွန်ခဲ့တဲ့ ၅ နှစ်ကျော် ၆ နှစ်ခန့် အတွင်းက ရာဘာ စိုက်ဧကများကို ၂ ဆကျော် တိုးချဲ့စိုက်ပျိုး လာခဲ့တဲ့ အတွက် နောင်လာမယ့် ၂ နှစ်ကျော် ကာလ အတွင်း
ရော်ဘာ အထွက်နှုန်းဟာ ၂ ဆကျော်ခန့် တိုးချဲ့ ထွက်ရှိ လာတော့မှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်ရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ရော်ဘာ အထွက်နှုန်းများ တိုးတက် လာတာ နဲ့အမျှ အရည်အသွေး ကောင်းမွန်တဲ့ ရော်ဘာများ ရရှိဖို့ အတွက် လိုအပ်တဲ့ စက်ကိရိယာများ ကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ယခု လက်ရှိမှာ ပြည်တွင်းရှိ ရော်ဘာများဟာ အရည်အသွေး နိမ့်ကျမှု ရှိနေသေးတာ ဖြစ်ပြီး မှိုင်းခံ ရော်ဘာနဲ့ ခရမ်း ရော်ဘာ အများစုမှာ အဆင့်အတန်းနိမ့် ရော်ဘာများ ဖြစ်နေပါတယ်။

ဒါ့အပြင် ယခု လက်ရှိ မြန်မာနိုင်ငံရဲ့ ရော်ဘာစိုက် ဧရိယာဟာ လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်ကထက် ၂ ဆအထိ တိုးတက်လာခဲ့ပြီး ၂၀၁၁-၂၀၁၂ ခုနှစ်မှာ စုစုပေါင်း ဧက ၁၃ သိန်းကျော် အထိရှိ လာခဲ့တာ ဖြစ်ပါတယ်။ ရော်ဘာ ထုတ်လုပ်မှု အနေနဲ့လည်း တန်ချိန် တစ်သိန်း သုံးသောင်း ခြောက်ထောင် ခန့်ရှိပြီး ပြည်ပ နိုင်ငံများကို တရားဝင် တင်ပို့မှုဟာ တန်ချိန် ရှစ်သောင်း ကိုးထောင်မှ ကိုးသောင်း ခန့်အထိ ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရော်ဘာ တင်ပို့ခြင်းမှ နိုင်ငံခြား ၀င်ငွေ ရရှိမှုဟာ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၃၀၂ သန်း၊ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၃၁၁ သန်းထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရော်ဘာ ပို့ကုန် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာသန်း ၃၀၀ ကျော် ရရှိလာတဲ့ အတွက် စိုက်ပျိုးရေး ထွက်ကုန် နိုင်ငံခြား တင်ပို့ သီးနှံများမှာ ပဲမျိုးစုံပြီးရင် ရာဘာဟာ ဒုတိယ အများဆုံး နိုင်ငံခြား ၀င်ငွေရှာပေးနိုင်တဲ့ သီးနှံတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့