Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 14 September 2012

ဖမ်းဆီးခံထားရသော လက်ပံတောင်းကြေးနီ စီမံကိန်းအရေး လှုပ်ရှားသူများ ပြန်လွတ်ပြီ

ဖမ်းဆီးခံထားရသော လက်ပံတောင်းကြေးနီ စီမံကိန်းအရေး လှုပ်ရှားသူများ ဖြစ်ကြသည့် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက် တို့သည် ယနေ့ညနေ ၄ နာရီ ၃၀မိနစ်တွင် အာမခံဖြင့် လွတ်မြောက်သွားကြပြီ ဖြစ်ပါသည်။

ချောင်းဦးထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ကိုဝေဠုလည်း လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိရပါသည်။

မုံရွာအကျဉ်းထောင်ရှေ့တွင် လွတ်မြောက်လာသူ မသွဲ့သွဲ့ဝင်းတို့သုံးဦးအား ၈၈ မျိုးဆက်
 ကျောင်းသားမှား အဖွဲ့ မှ ကိုဂျင်မီ ကိုယ်တိုင် လာရောက်ကြိုဆိုပြီး ခေါ်ဆောင်သွားခဲ့
 ကြောင်း ThanLarWaddy Times သတင်းအရ သိရပါသည်။ 

လွတ်မြောက်လာသူများကို မြို့ ခံလူထု  ထောင်နှင့်ချီ ကြိုဆို ခဲ့ပါသည်။ 


မုံရွာအကျဉ်းထောင်ရှေ့တွင် လွတ်မြောက်လာသူများ နှင့် ကြိုဆိုသူများကိုတွေ့ ရစဉ် ဓါတ်ပုံ - ThanLarWaddy Times
မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက်တို့အား တွေ့ ရစဉ် ဓါတ်ပုံ - ThanLarWaddy Times

လွတ်လာမည့်သူများအား ကြိုဆိုရန် မုံရွာအကျဉ်းထောင်ရှေ့တွင် စောင့်နေကြသည့် လူထုနှင့် သတင်းထောက်များ  ဓါတ်ပုံ - ThanLarWaddy Times

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့