မြစ်ကြီးနားမြို့မှာ လက်ရှိဈေးကြီး သာမက အဆင့်မြင့် ဈေးတစ်ခုကို ထပ်မံ ဆောက်လုပ် သွားဖို့အတွက် စီစဉ်လျက် ရှိတယ်လို့ ကချင်ပြည်နယ်
စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ဆောက်လုပ်မှု ကိုတော့ မြို့သစ်ကြီး ရပ်ကွက်က ၂.၉၃၈ ဧကရှိ အေးမြသာယာ ဈေးနေရာမှာ ဆောက်လုပ် သွားမှာဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါ ဈေးဆောက်လုပ်မှု အတွက် ဆောင်ရွက် လိုသူတွေကို တင်ဒါများ ခေါ်ယူနေတာ ဖြစ်ပါတယ်။
အဆိုပါ အဆင့်မြင့် ဈေးကို ဆောက်လုပ် ပြီးစီးရင်တော့ စည်ပင် သာယာရေး အဖွဲ့ကို လွှဲပြောင်း အပ်နှံရမှာ ဖြစ်ပါတယ်။ တင်ဒါ တင်သွင်းလိုသူတွေ ကတော့ ဆောက်လုပ်မယ့် ဈေးရဲ့ ပုံစံ အမျိုးအစားကို အစုံအလင် ဖော်ပြပေးဖို့လိုသလို အဆင့်မြင့်ဈေး အင်္ဂါရပ် တွေနဲ့ကိုက်ညီအောင် ပုံရေးဆွဲရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးရဲ့လုံခြုံရေး စနစ်ကိုလည်း စနစ်တကျ ဆောင်ရွက်ရမှာ ဖြစ်သလို ခန့်မှန်း ကုန်ကျစရိတ် ကိုလည်း အဆိုပြုရမှာ ဖြစ်တယ်လို့ သိရပါတယ်။
တင်ဒါ တင်သွင်းတဲ့ အခါ မှာတော့ ကုမ္ပဏီတွေဟာ မိမိတို့ အဆိုပြု ကျသင့်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အာမခံငွေ အဖြစ် တင်သွင်းကာ ရွေးချယ် မခံရမှသာ အဆိုပါ ငွေကို ပြန်လည် ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ တင်ဒါလျှောက်လွှာ တွေကို တင်သွင်းရာ မှာတော့ စက်တင်ဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့ အတွင်း ဈေးတည်ဆောက်မှု ကြီးကြပ်ရေး ကော်မတီမှာ တင်သွင်းရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment