Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 15 September 2012

ငါမချည်နှောင်တက်လို့နေမှာပါ

ငါ တင်းလို့ ဒီကြိုးပြတ်တာဆိုရင် တောင်းပန်ပါရစေ ..
ငါက မချည်နှောင်တတ်လို့ပါ ..
နင်တင်းလို့ ဒီကြိုးပြတ်တာဆိုရင် မေးပါရစေ .. ငါကျစ်တဲ့ဒီကြိုး မခိုင်ခဲ့လို့လား

...................................................
< စကားလေး တခွန်း >

(ငါနင့်ကိုချစ်တယ်)

နားထောင်တဲ့သူကတော့ တယောက်တည်း
ဒါပင်မယ့် ပြောတဲ့သူက တော့ အများကြီး

ကိုယ်မနှစ်သက်တဲ့သူပြောရင်
(ဟွန်း....အမြင်ကိုကတ်တယ်...)

ကိုယ်ထက်နိမ့်တဲ့သူပြောရင်
(ဟွန်း....မတန်မရာကိုမှန်းတယ်..)

ကိုယ့်ထက်မြင့်တဲ့သူပြောရင်
(ဟွန်း...လာပြီးကျောချင်နေတယ်..)

ကိုယ်နဲ့ မတည့် တဲ့သူပြောရင်
(ဟွန်း...လာပြီးလက်တည့် လာစမ်းနေတယ်...)

ကိုယ့်ထက်ချမ်းသာတဲ့သူပြောရင်
(ဟွန်း...ပိုက်ဆံနဲ့ အရာရာဝယ်နိုင်တယ်ထင်နေတယ်...)

ကိုယ်အမြင်ကတ်တဲ့သူပြောရင်
(ဟွန်း...မျက်နှာကိုက ရှစ်ခေါက်ချိုးနဲ့ ....)

ကိုယ်သဘောကျတဲ့သူပြောရင်
(ဟိဟိ...စဉ်းစားပါရစေအုံး......)

စကားလေးကတခွန်းတည်းပါ...
ဒါပင်မယ့် လူပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးစုံပြောင်းလဲ နိုင်ပါတယ်...

ဘဝမှာလဲ အဲလိုပါဘဲ.....

ကိုယ်က ကောင်းစေချင်လို့ ပြောလိုက်တဲ့ စကားပင်မယ့် သူက အဓိပ္ပာယ်ကောက်လွဲချင်လွဲနေတတ်ပါတယ်
ကိုယ်က ရွဲ့ ပြီးပြောလိုက်တဲ့ စကားပင်မယ့် သူက ကျေးဇူးတင်ချင်တင်နေတတ်ပါတယ်....

ပြောင်းလဲခြင်းနောက် အတင်းမလိုက်ပါနဲ့ 
ပြောင်းလဲတဲ့နောက်လိုက်ရင်းနဲ့ ကိုယ်ကိုတိုင် ပြောင်းလဲသွားပါလိမ့်မယ်

စိတ်ညစ်ခံမနေပါနဲ့ 

ကိုယ်ကို့ သူက ဘာပြောလိုက်လို့ ....ကိုယ်က သူ့ ကိုဘာပြောလိုက်လို့ ဆိုပြီး
မစဉ်းစားနေပါနဲ့ .....

ကိုယ့်စိတ်ရင်းကိုဘယ်သူမှမသိရင်တောင် ဘုရားနဲ့ ကိုယ်ကိုတိုင် လိပ်ပြာလုံရင် ရပါပြီ

အဲဒီ လူ့ ဘဝကို လူဘဝလို့ ဘဲ သတ်မှတ်နိုင်ရင် အရာအားလုံးက သူ့ အလိုလိုလည်ပတ်နေမှာပါ.......

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့