ဘယ်လောက်ပူပူ တစ်ယောက်လက်တစ်ယောက်
အေးမျှစွာ ဆုပ်ကိုင်ထားခဲ့ဖူးတယ်
နွေ ( ယခု )
နွေနေပူထဲ
ထီမပါ ငါတစ်ယောက်တည်း
ပူလှချည်ဆိုတဲ့ နွေထက်
ငါ့ နှလုံးသားထဲမှာ ပိုပူတယ်…
အရင်က အေးမျှစွာ ဆုပ်ကိုင်ဖူးခဲ့တဲ့ လက်တစ်ဖက်
အခုတော့…….
မိုး ( ယခင် )
မိုးဘယ်လောက်ရွာရွာ ထီးတစ်ချောင်းရဲ့ အောက်
သူ့ကိုကိုယ်က စိုမှာဆိုး ၊ ကိုယ့်ကိုသူက စိုးမှာဆိုးနဲ့
တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်
နှစ်ယောက်အတူ ရွှဲရွှဲစိုခဲ့ဖူးတယ်….
မိုး ( ယခု )
မိုးဘယ်လောက်ရွာရွာ ထီးမပါ ငါတစ်ယောက်တည်း
ရွှဲရွှဲစိုနေတဲ့မိုးထက် ငါ့နှလုံးသားထဲမှာ
မျက်ရည်တွေ ပိုရွှဲနေခဲ့တယ်
ကိုယ့်ကိုစိုမှာဆိုးခဲ့ဖူးတဲ့ လက်တစ်ဖက်
အခုတော့…….
ဆောင်း ( ယခင် )
ဆောင်းနှင်းပွင့်တွေအောက်
ခိုက်ခိုက်တုန်ချမ်းနေပေမယ့်
အအေးဒဏ်ကိုအံတု တစ်ယောက်လက်တစ်ယောက်
နွေးထွေးစွာဆုပ်ကိုင်ဖူးခဲ့တယ်…
ဆောင်း ( ယခု )
ဆောင်းနှင်းပွင့်တွေအောက်
ခိုက်ခိုက်တုန် ချမ်းနေပေမယ့်
ငါ့ဘယ်ဘက်ရင်ဘတ်ထဲက နှလုံးသားကတော့
အေးစက်တောင့်တင်းနေခဲ့ပြီ
အရင်က နွေးထွေးစွာ ဆုပ်ကိုင်ဖူးခဲ့တဲ့ လက်တစ်ဖက်
အခုတော့……
အေးမျှစွာ ဆုပ်ကိုင်ထားခဲ့ဖူးတယ်
နွေ ( ယခု )
နွေနေပူထဲ
ထီမပါ ငါတစ်ယောက်တည်း
ပူလှချည်ဆိုတဲ့ နွေထက်
ငါ့ နှလုံးသားထဲမှာ ပိုပူတယ်…
အရင်က အေးမျှစွာ ဆုပ်ကိုင်ဖူးခဲ့တဲ့ လက်တစ်ဖက်
အခုတော့…….
မိုး ( ယခင် )
မိုးဘယ်လောက်ရွာရွာ ထီးတစ်ချောင်းရဲ့ အောက်
သူ့ကိုကိုယ်က စိုမှာဆိုး ၊ ကိုယ့်ကိုသူက စိုးမှာဆိုးနဲ့
တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်
နှစ်ယောက်အတူ ရွှဲရွှဲစိုခဲ့ဖူးတယ်….
မိုး ( ယခု )
မိုးဘယ်လောက်ရွာရွာ ထီးမပါ ငါတစ်ယောက်တည်း
ရွှဲရွှဲစိုနေတဲ့မိုးထက် ငါ့နှလုံးသားထဲမှာ
မျက်ရည်တွေ ပိုရွှဲနေခဲ့တယ်
ကိုယ့်ကိုစိုမှာဆိုးခဲ့ဖူးတဲ့ လက်တစ်ဖက်
အခုတော့…….
ဆောင်း ( ယခင် )
ဆောင်းနှင်းပွင့်တွေအောက်
ခိုက်ခိုက်တုန်ချမ်းနေပေမယ့်
အအေးဒဏ်ကိုအံတု တစ်ယောက်လက်တစ်ယောက်
နွေးထွေးစွာဆုပ်ကိုင်ဖူးခဲ့တယ်…
ဆောင်း ( ယခု )
ဆောင်းနှင်းပွင့်တွေအောက်
ခိုက်ခိုက်တုန် ချမ်းနေပေမယ့်
ငါ့ဘယ်ဘက်ရင်ဘတ်ထဲက နှလုံးသားကတော့
အေးစက်တောင့်တင်းနေခဲ့ပြီ
အရင်က နွေးထွေးစွာ ဆုပ်ကိုင်ဖူးခဲ့တဲ့ လက်တစ်ဖက်
အခုတော့……
No comments:
Post a Comment