Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 15 September 2012

......လွမ်းတယ်.......

မင်းလည်း တစ်နေရာ
ငါလည်းတစ်နေရာ
တစ်ယောက်တစ်နေရာ
ရည်ရွယ်တာမတူပေမယ့်
သေချာတာက လွမ်းနေကြတာ...။

မင်းလည်းလွမ်းတယ်
ငါလည်းလွမ်းတယ်
ငါတို့ ဘယ်ကိုလွမ်းတယ်
ငါတို့ ဘာကိုလွမ်းတယ်
ငါတို့ ပဲ သိတယ်
ငါတို့ ခံစားချက်တွေတူညီခဲ့တယ်..။

ငါတို့ ဟာအိမ်ရာခြေမဲ့ တွေမဟုတ်ပေမယ့်
အိုးအိမ်တွေကို ပစ်ပြေးခဲ့ရတယ်......။ 

မနက်ခင်းရဲ့ မုန့် ဟင်းခါးကိုလွမ်းတယ်
ဒေါင်ဆိုင်ကချိုပေါ့ကျကိုလွမ်းတယ်
အငဲရဲ့ "ဂန္တ၀င်မြောက်အိမ်အပြန်"ကိုလွမ်းတယ
ထမင်းဝိုင်းပေါ်ကငပိရည်နဲ့ တို့ စရာကိုလွမ်းတယ်
အမေနယ်ကျွေးတဲ့ပဲထမင်းကိုလွမ်းတယ်
အရာရာအားလုံးကို လွမ်းတယ်...........။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့