Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 15 September 2012

စာမေးပွဲချိန် ကာလအတွင်း အချိန်မီစေရန် မ.ထ.သ ယာဉ်လိုင်းများ ပြေးဆွဲပေး သွားမည်


လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ စတင် ကျင်းပပြုလုပ် သွားမယ့် တက္ကသိုလ်ကျောင်း အသီးသီးမှ စာမေးပွဲတွေမှာ ဖြေဆိုမယ့် ကျောင်းသား၊
ကျောင်းသူများ စာမေးပွဲ ဖြေဆိုချိန်မှာ ယာဉ်လိုင်းများ အခက်အခဲ မရှိဘဲ အချိန်မီ စေဖို့ မ.ထ.သ ဗဟိုမှ ပြေးဆွဲပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ပေးရာမှာ လက်ရှိ ကျောင်းများကို ပြေးဆွဲ လျက်ရှိနေတဲ့ ယာဉ်လိုင်းများ ကိုသာ စာမေးပွဲရက်ပိုင်း အတွင်းမှာ အချိန် ခပ်စိပ်စိပ်၊ မြန်မြန်နဲ့ အထူး အလေးထား ပြေးဆွဲပေးရေးကို ကြပ်မတ် ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်ရာ မှာတော့ မ.ထ.သ ဗဟို နဲ့ တက္ကသိုလ်ကျောင်း အသီးသီးမှ ညှိနှိုင်း ဆောင်ရွက်ပေး ထားတဲ့ ကြို၊ ပို့ယာဉ် ၁၅၂ စီးနဲ့ စီစဉ် ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသို့ သွားတဲ့ လမ်းတလျှောက်မှာ ယာဉ်ကြော ပိတ်ဆို့မှုများ မရှိစေရေး အတွက် ကိုလည်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များနဲ့ ညှိနှိုင်း ဆောင်ရွက်မှု တွေပြုလုပ် ပေးမှာ ဖြစ်သလို ပျက်စီးနေတဲ့ လမ်းများ ကိုလည်း သက်ဆိုင်ရာနဲ့ ပူးပါင်းကာ အချိန်မီ ပြုပြင်မှုတွေ ပြုလုပ်ပေး သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒီလို တက္ကသိုလ် ကျောင်းတွေကို ယာဉ်လိုင်းများ ပြေးဆွဲ ပေးရာမှာ ရန်ကုန်မြို့ရှိ တက္ကသိုလ် ၁၄ ခုမှာ ပြေးဆွဲပေး နေတာ ဖြစ်တယ်လို့ မ.ထ.သ ဗဟိုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့