Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 15 September 2012

အလုပ်အကိုင် အခွင့်အလမ်း ပြပွဲ တတိယအကြိမ် ကျင်းပပြုလုပ် သွားရန်ရှိ



မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူး ကျင်းပမယ့် တတိယ အကြိမ်မြောက် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲကို
ဒီဇင်ဘာလမှာ ထပ်မံပြုလုပ် သွားဖို့ ရှိတယ်လို့ စက်တင်ဘာလ ၁၄ ရက်နေ့က UMFCCI မှာ ကျင်းပြုလုပ်ခဲ့တဲ့ ဒုတိယ အကြိမ်မြောက် အလုပ်အကိုင် ပြပွဲမှာ လိုအပ်နေတဲ့ အချက်အလက်များ ရှိပါက မီဒီယာများ ထံမှ အကြံဉဏ်များ ရယူတဲ့ အစီအစဉ် အရ သိရပါတယ်။ အဆိုပါ တတိယ အကြိမ်မြောက် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲမှာတော့ ပြည်တွင်းက ကုမ္ပဏီတွေ အပြင် ပြည်ပနိုင်ငံများက ကုမ္ပဏီ တော်တော်များများ ကပါ ပါဝင်ပြသလိုတဲ့ အတွက် ထပ်မံ ပြုလုပ်မှာ ဖြစ်ပါတယ်။
 
ပြည်တွင်းမှာ လုပ်ငန်းရှင် များဟာ လုပ်ငန်းများ အတွက် ၀န်ထမ်းများ လိုအပ်ပါက ဂျာနယ်များ မှတဆင့် ကြေညာပြီး ခေါ်ယူပေမယ့် အလုပ်လာ လျှောက်တဲ့ ၀န်ထမ်း အရေအတွက် နည်းပါးတယ်လို့ သိရပါတယ်။ ဒါကြောင့် ယခုလို ပြပွဲနဲ့ ကျင်းပပြုလုပ်တဲ့ အတွက် လူအများ လာရောက် လျှောက်ထား နိုင်သလို အလုပ်ရှင်များ ဘက်မှလည်း မိမိလုပ်ငန်းနဲ့ သင့်တော်မယ့် ၀န်ထမ်းများကို ရွေးချယ် ခန့်ထားနိုင်မှာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင်များ အသင်းမှ စီစဉ်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်း ပြပွဲတွေကို ယခင် ကလည်း ပြုလုပ်ခဲ့ဖူးပြီး ဒုတိယအကြိမ် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ထဲမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ဒုတိယ အကြိမ်မြောက် အလုပ်အကိုင် ပြပွဲမှာတော့ စီးပွားရေး ကုမ္ပဏီပေါင်း ၉၀ ခန့် မှ ၀င်ရောက်ပြသ ခဲ့တာဖြစ်ပြီး ကုမ္ပဏီ တော်တော် များများဟာ လုပ်ငန်း အတွက် လိုအပ်ပြီး အရည်အချင်း ပြည့်ဝတဲ့ ၀န်ထမ်းများ ရရှိခဲ့တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့