Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 15 September 2012

Developer Conference 2012 တွင် အကြောင်းအရာပေါင်း ၃၀ ကျော်ကို ဆွေးနွေး

အကြောင်းအရာပေါင်း ၃၀ ကျော်ကို အဓိကထား ဆွေးနွေး သွားမယ့် Developer Conference 2012 ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့က
လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက် ထဲမှာ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်တဲ့ Developer Conference မှာ ဒုတိယ အကြိမ် ပြုလုပ်တာ ဖြစ်ပြီး ၃ ရက်ကြာ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲပြုလုပ် ရခြင်းမှာ ပြည်တွင်း အိုင်တီ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက်နဲ့ IT Developer ကောင်းများ ပေါ်ထွက် လာစေဖို့ အတွက် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆွေးနွေးမယ့် အကြောင်းအရာ တွေထဲမှာ Cloud Computing နဲ့ ပတ်သက်တဲ့ နည်းပညာ အကြောင်းများနဲ့ မြန်မာဖောင့် စိတ်ဝင်စားသူတွေ အတွက် ကိုလည်း ထည့်သွင်း ဆွေးနွေးပေး သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီပွဲကို စက်တင်ဘာလ ၁၄ ရက်နေ့ ကနေ ၁၆ ရက်နေ့ အထိ ပြုလုပ်မှာ ဖြစ်ပြီး နောက်ဆုံးရက် ကိုတော့ ဆွေးနွေးပွဲ တက်ရောက်သူတွေ မေးမြန်းတဲ့ အချက်အလက်တွေကို အပြန်အလှန် ဆွေးနွေးမှုတွေ ပြုလုပ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ယခုလက်ရှိ အချိန်မှာ အိုင်တီ ကဏ္ဍဟာ အရေးပါတဲ့ ကဏ္ဍ တစ်ခုဖြစ်နေပြီး တိုးတက် ပြောင်းလဲ လာတာ နဲ့အမျှ အိုင်တီရဲ့ အဆင့်မြှင့် ပြောင်းလဲမှုတွေ လိုအပ်လာတဲ့ အတွက် ပြည်တွင်းရှိ လူငယ်များ အတွက် ပိုမိုကောင်းမွန်တဲ့ အတွေးအခေါ်သစ်တွေ ရရှိလာစေဖို့ အတွက် ပြုလုပ်ရခြင်း ဖြစ်တယ်လို့ ကွန်ပျူတာ ပညာရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့