Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 14 September 2012

အွန်လိုင်း ငွေချေစနစ် Omyanmar အွန်လိုင်းဈေးဝယ်မှု စတင်တော့မည်

လွန်ခဲ့တဲ့ တစ်နှစ်လောက်က စတင် ဆောင်ရွက်ခဲ့တဲ့ Omyanmar အွန်လိုင်း ဈေးဝယ် စင်တာဟာ ယခုလကုန်ပိုင်း ကစပြီး Myanmar Pay Online
ငွေပေးချေမှု စနစ်နဲ့ ချိတ်ဆက်ကာ အွန်လိုင်း ငွေချေစနစ်ကို စတင်တော့မှာ ဖြစ်တယ်လို့ Biz Service Provider ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို အွန်လိုင်း ငွေချေစနစ် ပြုလုပ်ရာ မှာတော့ ၀ယ်ယူသူတွေဟာ Myanmar Pay Online ရဲ့ JU myan pay အကောင့်ရှိဖို့ လိုအပ်ပြီး ပစ္စည်း မှာယူပြီးတဲ့အခါ အဲ့ဒီ အကောင့်မှ တစ်ဆင့် ငွေပေးချေရမှာ ဖြစ်ပါတယ်။

အခုလို ငွေပေးချေပြီး ရင်တော့ ရန်ကုန် အ၀ယ်အတွက် ၃ ရက်အတွင်း ပစ္စည်းအရောက်ပို့ ပေးမှာ ဖြစ်သလို မန္တလေးမှ မှာယူရင်တော့ အချိန်ပိုကြာ နိုင်တာ ဖြစ်ပါတယ်။ အခုလို အွန်လိုင်းမှ တစ်ဆင့် ငွေချေမှာယူပြီး သတ်မှတ်ရက် အတွင်း ပစ္စည်း ရောက်မလာ ခဲ့ရင်တော့ သက်ဆိုင်ရာ ကုမ္ပဏီကို ဆက်သွယ်ကာ ပြောကြား နိုင်တယ်လို့ သိရပါတယ်။ ယခုလက်ရှိမှာ Omyanmar အွန်လိုင်း ဈေးဝယ် စင်တာမှာ ဆိုင်ခန်းပေါင်း ၄၀ ကျော်ရှိပြီး www.omyamar.com မှာ အသေးစိတ် ၀င်ရောက် ကြည့်ရှု နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ အွန်လိုင်း ဈေးဝယ် စနစ်ကိုတော့ လုပ်ငန်းရှင်တွေ အတွက် အဓိကထား တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ အွန်လိုင်း ဈေးရောင်းချမှုမှာ ပန်းချီကားများ၊ အိုင်တီ ဆက်စပ် ပစ္စည်းများ၊ ရိုးရာ အမှတ်တရ ပစ္စည်းများ ပါဝင်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့