Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 14 September 2012

ရန်ကုန်ရှိ မြို့နယ်အချို့မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အပိုင်းကို ပုဂ္ဂလိကအား လုပ်ကိုင်ခွင့် ပေးသွားရန်ရှိ

လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ရန်ကုန်ရှိမြို့နယ် အချို့မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း အပိုင်းတွေကို 
ပုဂ္ဂလိက ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ပုဂ္ဂလိကကို လုပ်ကိုင်ခွင့် ပေးသွားမယ့် မြို့နယ်တွေ ကတော့ ကြည့်မြင်တိုင်၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ စမ်းချောင်း၊ တောင်ဒဂုံ အစရှိတဲ့ မြို့နယ်တွေ ပါဝင်တာ ဖြစ်ပါတယ်။
 
လက်ရှိ မှာတော့ အဆိုပါ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အပိုင်းကို ပုဂ္ဂလိက ကုမ္ပဏီ ၅ ခုခန့်မှ လုပ်ကိုင် ဆောင်ရွက်ဖို့ရှိပြီး မကြာမီမှာ MoU ရေးထိုး သွားမယ်လို့ သိရပါတယ်။ အဲ့ဒီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အပိုင်းကို လုပ်ကိုင်မယ့် ပုဂ္ဂလိက ကုမ္ပဏီတွေဟာ လျှပ်စစ် ဓာတ်အား ၀ယ်ယူခြင်း၊ လျှပ်စစ် ဓာတ်အား ရောင်းချခြင်း၊ မီတာငွေ ကောက်ခံခြင်း အစရှိတဲ့ ဖြန့်ဖြူး ရေးပိုင်းနဲ့ သက်ဆိုင်တာ တွေကို ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။
 
အခုလို ရန်ကုန်ရှိ မြို့နယ် အချို့မှ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး အပိုင်းမှာ ပုဂ္ဂလိကကို လုပ်ကိုင် ဆောင်ရွက်ဖို့ စီစဉ်သလို မန္တလေးတိုင်း ဒေသကြီးရှိ မြို့နယ် အချို့မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း ကိုလည်း ပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့် ပေးလျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့