မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ခိုးကူးခွေများ ဖြစ်တဲ့ ပွားခွေ၊ နယ်ကျော်ခွေ၊ ဆင်ဆာမဲ့ခွေနဲ့ ညစ်ညမ်းခွေ တွေကို
ဖမ်းဆီး အရေးယူ လျက်ရှိရာမှာ သြဂုတ်လ အတွင်း ဖမ်းမိခဲ့မှုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ကထက် ၃ ဆကျော် ပိုမိုများပြား ခဲ့တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ဖမ်းဆီးခဲ့ရာမှာ သြဂုတ်လ အတွင်းက ဖမ်းဆီးရမိခဲ့တဲ့ ခိုးကူးခွေပေါင်း တစ်သိန်း ရှစ်သောင်း ကိုးထောင် ကျော်ကို ဖမ်းဆီး ရမိခဲ့ပြီး ဇူလိုင်လ ကတော့ အခွေပေါင်း ငါးသောင်း လေးထောင်ကျော် ကိုသာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို ဖမ်းဆီးခဲ့မှု အရ သြဂုတ်လ အတွင်း ခိုးကူးခွေ အမှုပေါင်း ၁၂၃ မှုနဲ့ ညစ်ညမ်းခွေ အမှုပေါင်း ၂၀ ကို ဖမ်းဆီး အရေးယူ ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ဖမ်းဆီးရာ မှာတော့ မြန်မာ ဇာတ်လမ်းခွေ တစ်ထောင့် လေးရာကျော်၊ ကာရာအိုကေ အချပ်ပေါင်း ငါးသောင်းကျော်၊ နိုင်ငံခြား ဇာတ်လမ်းခွေပေါင်း တစ်သိန်း သုံးသောင်း ကျော်နဲ့ ညစ်ညမ်းခွေ လေးရာ ကျော်ကို ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ခိုးကူးခွေ ဖမ်းဆီးမှုကို သက်ဆိုင်ရာ တာဝန်ရှိ သူတွေမှ စနစ်တကျ ဆောင်ရွက်ပြီး ခိုးကူးခွေ ပပျောက်အောင် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ခိုးကူးခွေနဲ့ ပတ်သက်ပြီး တိုင်ကြား လိုသူ တွေကလည်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို ဆက်သွယ် တိုင်ကြား နိုင်တယ်လို့ သိရပါတယ်။
No comments:
Post a Comment