၂၀၁၂ ခုနှစ် အမျိုးသား လွှတ်တော် ဆိုင်ရာ ဥပဒေကို စတင်ပြဋ္ဌာန်း လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြဋ္ဌာန်းရာမှာ အခန်း ၁၃ ခန်းနဲ့ ပြဋ္ဌာန်း လိုက်တာ
ဖြစ်ပြီး ဒီလိုပြဋ္ဌာန်းမှုကို ဖွဲ့စည်း ပုံအခြေခံ ဥပဒေ ပုဒ်မ ၉၈ အရ ပြဋ္ဌာန်း လိုက်တာ ဖြစ်ပါတယ်။ အခုလို ပြဋ္ဌာန်း လိုက်တဲ့ ဥပဒေမှာ အခန်းအလိုက် လိုအပ်တဲ့ လုပ်ဆောင်မှု အဆင့်ဆင့်ကို ဖော်ပြပေး ထားပြီး လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက် အစီအစဉ်များ အတွက် ဆောင်ရွက်ချက် တွေကိုလည်း ဖော်ပြပေး ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အခန်း ၁၁ မှာ လွှတ်တော်မှ အရေးပေါ် ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်နဲ့ ပယ်ဖျက်မှု အစီအစဉ်တွေ ကိုလည်း ဖော်ပြပေး ထားတာ ဖြစ်ပါတယ်။ အခုလို ပြဋ္ဌာန်းမှုကို နိုဝင်ဘာလ ၂၆ ရက် နေ့ရက်စွဲနဲ့ ပြဋ္ဌာန်း ခဲ့တာဖြစ်ပြီး ဥပဒေ အတွင်း ကျင့်ဝတ်၊ စည်းကမ်းများ၊ ရပိုင်ခွင့်၊ အခွင့်အရေး များကိုလည်း ထည့်သွင်း ဖော်ပြပေး ထားတာ ဖြစ်ပါတယ်။ အခုလို ၂၀၁၂ ခုနှစ် အမျိုးသား လွှတ်တော် ဆိုင်ရာ ဥပဒေ အတွင်း အမျိုးသား လွှတ်တော် ဆိုင်ရာ ဥပဒေ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေ အမှတ် ၁၃/၂၀၁၀ ကို ရုပ်သိမ်းကြောင်းလည်း ဖော်ပြပါရှိ တယ်လို့ သိရပါတယ်။

No comments:
Post a Comment