Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 7 December 2012

Labour Migration Policyတွင် ပြည်တွင်းသို့ ရောက်ရှိလာမည့် ပြည်ပရွှေ့ပြောင်း လုပ်သားများ အတွက်ပါ မူဝါဒများ ထည့်သွင်း ရေးဆွဲမည်


ပြောင်းလဲ လာတဲ့ ခေတ်စနစ် များကြောင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိ လာတော့မှာ ဖြစ်တာနဲ့ အညီ ပြည်ပမှ ပြည်တွင်းသို့ ၀င်ရောက် လာမယ့်
ရွှေ့ပြောင်း အလုပ်သမားများ အတွက်  အလုပ်သမား ဆိုင်ရာ မူဝါဒများကိုပါ Labour Migration Policy မှာ ထည့်သွင်း ရေးဆွဲ သွားဖို့ ရှိတယ်လို့ အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို ထည့်သွင်း ရေးဆွဲ ရခြင်းမှာ နိုင်ငံခြား တိုင်းတစ်ပါးနဲ့ ဆက်ဆံတဲ့ နိုင်ငံသား တိုင်းဟာ ပြည်တွင်းမှာ ဖြစ်စေ၊ ပြည်ပမှာ ဖြစ်စေ၊ နိုင်ငံတော်ရဲ့ ကာကွယ် စောင့်ရှောက်မှုကို တောင်းခံခွင့် ရှိတယ်လို့ ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေ အရ ထည့်သွင်း ရေးဆွဲမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း Labour Migration Policy ကို ချမှတ်ရေးဆွဲရာမှာ အလုပ်သမား စေလွှတ်တဲ့ နိုင်ငံအဖြစ် သာမက အလုပ်သမား လက်ခံနိုင်တဲ့ နိုင်ငံ အဖြစ်ပါ ထည့်သွင်း ရေးဆွဲ သွားဖို့ လိုအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ Labour Migration Policy ရေးဆွဲဖို့ အတွက် ဆွေးနွေးပွဲများ ပြုလုပ်ပြီး စနစ်ကျ ခိုင်မာတဲ့ ရွှေ့ပြောင်း အလုပ်သမား ဆိုင်ရာ မူဝါဒဖြစ်ဖို့ အတွက် ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာပေါ်မှာ လူဦးရေ ၇.၀၃၂ ဘီလီယံရှိတဲ့ အနက် ၂၁၄ သန်းခန့်ဟာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ခန့်မှန်းထားချက်များ အရ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှ မလေးရှား၊ ထိုင်း စတဲ့ နိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေတဲ့ လုပ်သား များမှာ တိုးတက် လျက်ရှိနေ ပေမယ့်လည်း ပြည်တွင်းရဲ့ ရွှေ့ပြောင်း လုပ်သား စာရင်းမှာ အတိအကျ မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် လာမယ့် ၂၀၁၅ ခုနှစ်မှာ ပြည်တွင်းရဲ့ ရွှေ့ပြောင်း လုပ်သား အရေအတွက်ကို စစ်တမ်း ကောက်ယူ သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂလိုဘယ် လိုက်ဇေးရှင်း သဘောတရားကြောင့် ရွှေ့ပြောင်း လုပ်သားများဟာ ပိုမိုများပြား တိုးတက် လာမယ့် အနေအထားသာ ရှိနေပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံး သာမက အာဆီယံ နိုင်ငံတွေရှိ ရွှေ့ပြောင်း လုပ်သားများ သွားရောက် လုပ်ကိုင်ရေး အတွက် လိုအပ်တဲ့ စီမံချက်များကို အခု ကတည်းက ချမှတ် ဆောင်ရွက်ဖို့ လိုအပ်လျက် ရှိတယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့