Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 8 December 2012

လက်ပံတောင်းတောင် အရေး ရန်ကုန်မှာ သံဃာတော်များ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဒီဇင်ဘာ ၈။

လက်ပံတောင်းတောင် အရေးကိစ္စနှင့် ဆန္ဒထုတ်ဖော်သော သံဃာတော်များအား အကြမ်းဖက် ဖြိုခွင့်းမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးရန် သံဃာတော်အပါး (၂၀)သည် ယနေ့နေ့လယ် (၁း၃၀)ခန့်တွင် ကြေးသွန်း ဘုရားရှေ့မှ ဆူးလေသို့ စတင် ဆန္ဒထုတ်ဖော်ရန် ထွက်ခွာလာခဲ့သည်။


ဖမ်းဆီးထားသော ရဟန်းရှင်၊ ကျောင်းသား၊ ပြည်သူ လူငယ်များအား ပြန်လွှတ်ပေးရန် သံဃာတော်များအား ၀န်ချတောင်းပန်ရေး
လွတ်လပ်၍ တရားမျှတသော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရေး သံဃာတော်များ အပေါ် ရက်စက်စွာ နှိမ်နင်းခဲ့သော တာဝန်ရှိသူကို ဖော်ထုတ်ပေးရေး အစရှိသော အချက် (၄)ချက်ကို တောင်းဆို၍ ချီတက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ခေတ်

သံဃာများ ကြေးသွန်းဘုရားရှေ့မှ ဆူးလေသို့ စတင်ထွက်ခွာ

သံဃာတော်များ ချီတက်ဆန္ဒထုတ်ဖော်မှုသည် ယခုအချိန်တွင် ဦးထောင်ဘိုအ၀ိုင်းသို့ ရောက်ရှိလာပြီဖြစ်သည်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့