Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 3 December 2012

တန်ဆောင်တိုင် မဏ္ဍပ်မှာ ချိတ်ဆွဲထားတဲ့ ဒေါ်စု ပြက္ခဒိန် ကြံ့ခိုင်ရေးမှ ဖြုတ်သိမ်း

ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့ နယ်၊ ဥက္ကံမြို့ တွင် နှစ်စဉ် ကျင်းပ ပြုလုပ် လျက်ရှိသော တန်ဆောင်တိုင် ဆွမ်းကြီး လောင်းပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက် မဏ္ဍပ်တွင် ထားရှိသော အလှူရှင် ဆရာလေး မသုသိင်္ဂီနှင့်မဓမ္မတို့  လှူဒန်းထားသော ဒေါ်အောင်ဆန်း စုကြည်နှင့် အမေရိကန် သမ္မတ မစ္စတာအိုဘားမား တို့ နှစ်ဦးပုံပါ ပြက္ခဒိန်တစ်ခု၊ ဒေါ်အောင်ဆန်းစုကြည် ပုံပါ ပြက္ခဒိန်တစ်ခု တို့ ကို ( ၂၈.၁၁. ၂၀၁၂ ) ရက်နေ့ ညဦးပိုင်း တိုက်ကြီးမြို့ နယ် တရားသူကြီးနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တို့ နှစ်ဦး လာရောက် ကြည့်ရှု ပြီးနောက် ညဥ့်နက်ပိုင်းတွင် ပြည်ခိုင်ဖြိုး ပါတီမြို့ နယ် ( EC ) ဦးစိုးစိုး၊ အနော်ရထာ ရပ်ကွက် နိုင်ငံရေးမှူး ဦးမိုးကျော်နှင့် ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်တို့ မှ ဖြုတ်သိမ်း သွားကြောင်း စုံစမ်းသိရှိရသည်။

ထိုကိစ္စကို မကျေနပ်သော ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက် (NLD ) ရပ်ကျေး ကော်မရှင် ဥက္ကဌဦးတင်ဇော်မျိုး ( ခ ) ကောက်ကောက် မှ စုံစမ်းရာ၊ အုပ်ချုပ်ရေးမှူးမှ လူကြီးများ လာရောက်၍ မသင့်တော်သဖြင့် ဖြုတ်သိမ်း ထားခြင်း  ဖြစ်ကြောင်း ဖြေကြားပါသည်။

ထိုပြက္ခဒိန်နှစ်ခုမှာဦးကျော်ခိုင်နှင့် အပေါင်းအသင်း  ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက်နေ
ဦးဝင်းရွှေနှင့် ဦးမင်းလွင် တို့ ထံတွင် ရှိကြောင်း စုံစမ်းသိရှိရပါသည်။





No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့