Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 12 January 2013

မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ကွန်ဖရင့် ၂၀၁၃ ကို ပြည်ပကုမ္ပဏီပေါင်း ၆၀ ကျော်မှ ပါဝင် ဆောင်ရွက် သွားမည်


ပထမဦးဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနဲ့ ခရီးသွား လုပ်ငန်းဆိုင်ရာ ကွန်ဖရင့် ၂၀၁၃ ကို လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့
အထိ ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကွန်ဖရင့် ကိုတော့ ဟိုတယ် ခရီးသွားလာရေး ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်နဲ့ စင်္ကာပူ နိုင်ငံ အခြေစိုက် Sphere Exhibits Private Ltd တို့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အဆိုပါ ကွန်ဖရင့် ကိုတော့  မြန်မာနိုင်ငံမှ တိုးချဲ့ ဆောင်ရွက်မယ့် စီမံကိန်း များမှာ ရင်းနှီး မြှုပ်နှံမှုတွေ အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ ခရီးသွား လုပ်ငန်း အေဂျင်စီများ၊ ခရီးသွား လုပ်ငန်း နယ်ပယ်နဲ့ စီးပွားရေး နယ်ပယ်မှ လုပ်ငန်းရှင်များ တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံ တွေမှ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Starwood Hotels and Resorts ၊ Hilton Worldwide စတဲ့ ဟိုတယ် လုပ်ငန်း ကုမ္ပဏီတွေနဲ့ Kepplel Land International အစရှိတဲ့ Developer ကုမ္ပဏီတွေ အပါအ၀င် ပြည်ပ ကုမ္ပဏီပေါင်း ၆၀ ကျော်မှ တာဝန်ရှိ သူများလည်း တက်ရောက် ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကွန်ဖရင့် ကိုတော့ ပြည်တွင်း လုပ်ငန်းရှင်များ တက်ရောက် လိုပါက ကွန်ဖရင့်ဝင်ကြေး ပေးသွင်းရမှာ ဖြစ်ပြီး ၀င်ကြေးမှာ အမေရိကန် ဒေါ်လာ ၅၀၀ ပေးသွင်း ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကွန်ဖရင့်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် သိရှိလိုပါက မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ၀၁-၈၅၅၁၀၁၂၊ ၈၅၅၁၀၁၃ သို့ ဆက်သွယ် မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သတင်းပေး တင်ဆက် လိုက်ရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့