Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 12 January 2013

အိမ်ရာ အဆောက်အအုံ၊ နေထိုင်မှုနှင့် မော်တော်ယာဉ် ပြပွဲ စတင်ဖွင့်လှစ်ခဲ့


အဆင့်မြင့် ထုတ်ကုန် ပစ္စည်းများ၊ ၀န်ဆောင်မှု လုပ်ငန်းများ၊ ခေတ်မီ ပရိဘောဂ ပစ္စည်းများ အစရှိသည် တို့ကို စုံလင်စွာ ပြသထားတဲ့ Housing Living And
Automobile ပြပွဲ ၂၀၁၃ ကို ဇန်န၀ါရီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ရန်ကုန်မြို့ ဦးဝိစာရ လမ်းရှိ တပ်မတော် ခန်းမမှာ ပြသထား တယ်လို့ သိရပါတယ်။ အဲ့ဒီပြပွဲမှာ ပြည်တွင်း၊ ပြည်ပရှိ အိမ်ရာ အဆောက်အအုံ ပြခန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ခေတ်မီ ပရိဘောဂ ပစ္စည်းများ၊ စက်မှု လက်မှု လုပ်ငန်းသုံး ပစ္စည်းများ၊ ကွန်ပျူတာနဲ့ လျှပ်စစ် ပစ္စည်းဆိုင်ရာ ဆက်စပ် ပစ္စည်း များစတဲ့ အရာတွေကို ပြသ ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အ၀တ်အထည်နဲ့ လူ့အသုံးအဆောင် ပစ္စည်းများ၊ ကားအရောင်း ပြခန်းများ၊ စီးပွားရေးနဲ့ ငွေကြေး ဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းများ အစရှိသဖြင့် ပြခန်းပေါင်း ၁၂၀ ခန့်ကို ကုမ္ပဏီပေါင်း ၅၃ ခုတို့ မှ ပါဝင်ပြသတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲ့ဒီပြပွဲမှာ ထူးခြားတဲ့ ဖျော်ဖြေရေး အစီအစဉ်များ အနေနဲ့ မော်ဒယ်ရှိုးပွဲများ၊ အဆိုတော်များရဲ့ သီဆိုဖျော်ဖြေမှု များလည်း ပါဝင်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့