Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 14 January 2013

ကဏ္ဍသုံးခု အတွက် နိုင်ငံတကာ လုပ်ငန်းရှင်များ ပါဝင်လာရန် ကွန်ဖရင့် ပြုလုပ်မည်


စင်ကာပူ အခြေစိုက် Sphere Conference နဲ့ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI
တို့ပူးပေါင်းပြီး လုပ်ငန်းကဏ္ဍ တစ်ခု ချင်းအလိုက် ကဏ္ဍသုံးခုကို နိုင်ငံတကာ လုပ်ငန်းရှင်များ ပါဝင် လာစေဖို့နဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်း များကို သိရှိနိုင်စေဖို့ အတွက် ကွန်ဖရင့်များ ကျင်းပ သွားမယ်လို့ သိရပါတယ်။ ဒီလိုကျင်းပပြုလုပ်မယ့် ကွန်ဖရင့် ၃ ခုအတွက် MOU လက်မှတ်ရေးထိုးပွဲ ကိုတော့ ဇန်န၀ါရီလ ၁၁ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုကျင်းပရာမှာ မေလ ၆ ရက်နေ့ကနေ ၈ ရက်နေ့ အထိ မြန်မာမြို့ပြ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကွန်ဖရင့် မေလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ မြန်မာဘဏ်နှင့် ငွေကြေး ကဏ္ဍ ဆိုင်ရာ ကွန်ဖရင့်နဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ မြန်မာ Logistics and Supply Chain ဆိုင်ရာ ကွန်ဖရင့် အစရှိတဲ့ အတိုင်း ခွဲခြားပြီး ရန်ကုန်မှာပဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အခုလို ပြုလုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ ပြည်တွင်း လုပ်ငန်းရှင် များနဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များ အကြား လက်တွဲ လုပ်ကိုင်နိုင်ချိန် အထိ အကျိုး သက်ရောက်မှု ရှိနိုင်ခြင်း၊ မြန်မာနိုင်ငံကို စီးပွားရေး အရ ဆွဲဆောင်မှု ရှိတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များ လက်ခံ လာအောင် ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့