Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 14 January 2013

လက်ပံတောင်းတောင်အရေး သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဓါတ်ပုံ National League for Democracy
လက်ပံတောင်းတောင် အရေးကိစ္စ နှင့် ပတ်သတ်၍ နိုင်ငံတော် သမ္မတ ထံ ကြားဖြတ် အစီရင်ခံစာ တင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက်ပိုင်း တွင် လွှတ်တော် သို့ရောက်ရှိ နေသော သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

" ဇန်န၀ါရီလမကုန်ခင် တင်မှာပါ၊ တင်မယ်လို့ ပြောထားပါတယ် ၊ကြားဖြတ်ဆိုတော့ အပြီးအစီးတော့ မဟုတ်သေးပါဘူး၊ အပြီးစီးကြမှ အများသိအောင်ထုတ်ပြန်ပေးသွားမှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယင်းကြားဖြတ်အစီရင်ခံစာကို နိုင်ငံတော် သမ္မတ ထံသာ တင်ပြမည် ဖြစ်သော ကြောင့် အများပြည်သူ သိရန်ထုတ်ပြန်သွားမည် မဟုတ်ကြောင်း နေပြည်တော်သတင်းထောက်၏ ပေးပို့ချက်အရ သိရသည်။
လက်ပံတောင်းကိစ္စနှင့် ပတ်သတ်၍ ဇန်န၀ါရီ ၁၁ ရက်နေ့ ရက်စွဲ ဖြင့် အများပြည်သူသိရန် လွှတ်တော်အတွင်း(I.12) တွင် ထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့