Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 13 January 2013

ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင် ခွင့်အား အမျိုးသမီး လုပ်သားများ စေလွှတ်ရန် စဉ်းစား လျက်ရှိ


ကိုရီးယား နိုင်ငံသို့ တရားဝင် သွားရောက် အလုပ် လုပ်ကိုင်မှုမှာ ပြည်တွင်းမှ အမျိုးသမီး လုပ်သားများ သွားရောက် လုပ်ကိုင်ခွင့်နဲ့ ပတ်သက်ပြီး စဉ်းစားလျက်
ရှိတယ်လို့ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန အောက်ရှိ အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို သွားရောက် လုပ်ကိုင်ခွင့် ပေးဖို့ စီစဉ်ရာမှာ အမျိုးသမီးတွေ အတွက် ဘ၀လုံခြုံမှု ပေးနိုင်မယ့် အကြောင်းအရာ တွေကို အဓိက အနေနဲ့ ထည့်သွင်း စဉ်းစား နေတာ ဖြစ်ပါတယ်။

အဲ့ဒီလို စဉ်းစားရာ မှာတော့ အလုပ်ခေါ်တဲ့ စက်ရုံမှာ အမျိုးသမီး အဖော် မရှိတာမျိုးနဲ့ စက်ရုံမှာ အလုပ်လုပ်ရန် ခေါ်ပြီးမှ အိမ်အကူ အနေနဲ့ စေခိုင်းမှုမျိုး တွေကို မရှိရအောင် ကာကွယ်မှုတွေ အပါအ၀င် အစရှိတဲ့ အချက်တွေကို ထည့်သွင်း ဆွေးနွေး စီစဉ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ကိုရီးယား နိုင်ငံသို့ တရားဝင် သွားရောက် အလုပ်ကိုင်ခွင့် EPS Topic စာမေးပွဲကို လက်ရှိမှာ အမျိုးသား တွေသာ ၀င်ရောက် ဖြေဆိုပြီး သွားရောက် လုပ်ကိုင် နေတာ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ အမျိုးသမီးတွေ အနေနဲ့လည်း တရားဝင် သွားရောက် လုပ်ကိုင် နိုင်အောင် လေ့လာမှုများ ပြုလုပ်ပြီး ခွင့်ပြုပေး သွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုလက်ရှိ မှာတော့ ကိုရီးယား နိုင်ငံသို့ တရားဝင် သွားရောက် အလုပ် လုပ်ကိုင်နေသူ အနေနဲ့ ဦးရေ ၅၆၀၀ ကျော်နီးပါး ရှိတယ်လို့ သိရပါတယ်။ သွားရောက် အလုပ် လုပ်ကိုင်ရာမှာ ကုန်ကျငွေ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်လောက်က ၈ သိန်း နီးပါးလောက် ရှိတာ ဖြစ်ပြီး ယခု ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ကုန်ပိုင်းမှ စတင်ကာ တစ်ဦးကို ၆ သိန်းခွဲ နီးပါးသာ ကုန်ကျ တော့တာ ဖြစ်တယ် လို့လည်း အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့