Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 15 January 2013

နဘားဘူတာအနီး ရထားသံလမ်း တံတား ပေါက်ကွဲမှု (သတင်း-ဓါတ်ပုံ)

ဇန်န၀ါရီ ၁၄၊ ၂၀၁၃ ခုနှစ် ည(၈)နာရီ (၁၀)မိနစ်ခန့် အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် နဘားဘူတာနှင့် (၂)ဖာလုံအကွာ မန္တလေး ဘက်အထွက်(အင်းတော်-နဘားကြား)ဆော်လမွန်ချောင်းပေါ်ရှိ နဘားမှ ကသာမြို့သို့သွားသော 1 BK တံတား နှင့် မန္တလေး သို့သွားသော တံတား အမှတ်(၄၃၆ ) တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

တံတား၏ တောင်ဖက်ခြမ်း ရှိ ဘယ်ဘက်ဒုတိယ အုတ်တိုင် မှာ အောက်ခြေ အတွင်းဘက်၌
ကွဲအက်သွား၍ သံလမ်းမှာ တံတား အောက်ဖက်သို့ ကွေးညွတ်သွား ကြောင်း သိရသည်။

မြစ်ကြီးနားမှ မန္တလေး သို့ထွက်ခွာလာသော (၃၈)အစုန် တရုတ်ရထား မှာ နဘားဘူတာ ရောက်ခါအနီး ခပ်လှမ်းလှမ်း၌ မိုင်းကွဲသံကြား၍ ထိုနေရာ၌ပင် ရပ်နားထားရသည် ဟုသိရသည် ။

Katha Town







No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့