Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 12 January 2013

မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီအား ပြင်ဆင်ဖွဲ့စည်းခဲ့


မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟို ကော်မတီကို ပြင်ဆင် ဖွဲ့စည်း လိုက်ပြီ ဖြစ်တယ်လို့ သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို ပြင်ဆင်
ဖွဲ့စည်းရာမှာ  ကော်မတီ ဥက္ကဋ္ဌ အနေနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးမှ တာဝန်ယူ ထားပြီး  အဖွဲ့ဝင်များ အဖြစ် သမ္မတရုံး ၀န်ကြီးဌာန အပါအ၀င် အခြား ၀န်ကြီးဌာန အချို့မှ ပြည်ထောင်စု ၀န်ကြီးနဲ့ ဒုတိယ ၀န်ကြီးများ၊ တာဝန်ရှိသူများ ပါဝင်တာ ဖြစ်ပါတယ်။

အဆိုပါ ကော်မတီ ဖွဲ့စည်းမှုဟာ ရှေးဟောင်း ယဉ်ကျေးမှုဇုန် နယ်မြေများ သတ်မှတ်ကာ ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်း များကို အရှိန်အဟုန် မပျက် ဆောင်ရွက် နိုင်ဖို့ နဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ခြင်း၊ ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက် နိုင်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြင်ဆင် ဖွဲ့စည်း လိုက်တဲ့ ဗဟို ကော်မတီ အနေနဲ့ မြန်မာနိုင်ငံရဲ့ ရှေးဟောင်း ဒေသများ အနက် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ အဖြစ် သတ်မှတ် သင့်တဲ့ ဒေသများနဲ့ နယ်မြေ အပိုင်း အခြားကို သတ်မှတ် ပြဋ္ဌာန်းပေးရန်၊ နိုင်ငံတော် အစိုးရက မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ် သင့်သည်ဟု ယူဆတဲ့ ရှေးဟောင်း နေရာ၊ ရှေးဟောင်း အဆောက်အအုံ၊ ရှေးဟောင်း ပစ္စည်း များကို ဖော်ထုတ် စာရင်းပြုစုရန် အတွက် လမ်းညွှန် စာရင်းပြုစုခြင်း စတာတွေကို ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့