Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 14 January 2013

နိုင်ငံတော် သမ္မတ ၏သဘောထားမှတ်ချက် ပျက်ပျယ်

" ပြည်ထောင်စု စာရင်း စစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြု ရာတွင် နိုင်ငံတော် သမ္မတ ၏သဘောထား မှတ်ချက် ပျက်ပျယ်"

ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်း အဝေး ဒုတိယနေ့ အစီစဉ်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ ၏ သဘောထားမှတ်ချက် အပေါ် ဦးမောင်တိုး(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ဗိုလ်မှုး ကျော်စိုးမင်း၊ ဗိုလ်မှုး အောင်နိုင်ဦး တို့က ဆွေးနွေးခဲ့ပြီး  ၊ပြင်ဆင်ရန် သို့ မဟုတ် မူလအတိုင်း ထားရန် အတည် ပြုရာတွင် စက်ခလုတ်နှိပ် မဲခွဲခဲ့ပြီး ပြည်ထောင်စု လွှတ်တော်၏ သဘောထားမှတ် ချက်အတိုင်းသာ အတည်ဖြစ်ပြီး နိုင်ငံတော် သမ္မတ ၏ သဘောထားမှတ်ချက်မှာ ပျက်ပြယ် သွားကြောင်း ပေါ်ပြူလာနယူးစ် သတင်းထောက်မှ သတင်း ပေးပို့သည်။






ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ အစီအစဉ် သို့ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ် အစည်းအဝေးတွင် အာမေးနီယားသမ္မတ နိုင်ငံနှင့် သံတမန်ဆက်သွယ်ရေးကိစ္စအား လွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်လင်း၊ ဦးခိုင်မောင်ရည်၊ ဦးရှုမောင်တို့ကဆွေးနွေးခဲ့ကြညသည်။ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုး ၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကျော်စိုးမင်း၊ ဗိုလ်မှူးအောင်နိုင်ဦးတို့မှ ဆွေးနွေးရာ လွှတ်တော်နာယက ကမဲခွဲဆုံးဖြတ်ရာတွင် ထာက်ခံမဲ ၁၇၈နှင့်ကန့်ကွက်မဲ ၄၁၁ ဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့