Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 14 January 2013

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ယူနက်စကိုသို့ ထပ်မံ တင်ပြမည်


အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် ပျူရှေးဟောင်း မြို့များဖြစ်တဲ့ ဗိဿနိုး မြို့ဟောင်း၊ ဟန်လင်း မြို့ဟောင်းနဲ့ သရေ ခေတ္တရာ မြို့ဟောင်း တို့ကို ကမ္ဘာ့
အမွေအနှစ် စာရင်း တင်သွင်း နိုင်ဖို့ အတွက် ပြုစုရေးသား လျက်ရှိတဲ့ Nomination Dossier နဲ့ Management Plan ကို အခု ဇန်န၀ါရီလ ထဲမှာ ယူနက်စကိုသို့ ထပ်မံတင်ပြ သွားမှာ ဖြစ်တယ်လို့ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါ Nomination Dossier နဲ့ Management Plan ကို သက်ဆိုင်ရာ ဌာန အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ ပထမအကြိမ် တင်သွင်းခဲ့ပြီး နိုဝင်ဘာလမှာ ကမ္ဘာ့ယဉ်ကျေးမှု ကော်မတီမှ လိုအပ်ချက် တွေနဲ့ ဆက်လက် လုပ်ဆောင် ရမယ့် အချက်တွေကို ပြန်လည် ချပြပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုအခါ လိုအပ်ချက် တွေကို ထပ်မံ ဖြည့်စွက်ပြီး ဒုတိယ အကြိမ်မြောက် တင်ပြတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တင်ပြမှုများကို ယူနက်စကို အဖွဲ့မှ ဖေဖော်ဝါရီလ အတွင်း စိစစ် သွားမှာ ဖြစ်ပါတယ်။ အခုလို တင်ပြမယ့် ဗိဿနိုး မြို့ဟောင်း၊ ဟန်လင်း မြို့ဟောင်းနဲ့ သရေခေတ္တရာ မြို့ဟောင်း များကို ကမ္ဘာ့အမွေအနှစ် စာရင်းကို တင်သွင်း နိုင်ဖို့ အတွက် ပြုစုရေးသား လျက်ရှိတဲ့ Nomination Dossier နဲ့ Management Plan နောက်ဆုံး သုံးသပ် တည်းဖြတ်မှု ကိုတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၇ ရက်နေ့ကနေ ၁၀ ရက်အထိ အစည်းအဝေး ပြုလုပ်ခဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့