Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 14 January 2013

၂၀၁၂ ခုနှစ် လူကုန်ကူးမှု၌ အဓမ္မ လက်ထပ် ထိမ်းမြားမှု အများဆုံး ဖြစ်ပွားခဲ့


ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှု တွေမှာ အဓမ္မလက်ထပ် ထိမ်းမြားဖို့အတွက် လူကုန်ကူး ခံရမှု အများဆုံး ဖြစ်ပွားခဲ့ တယ်လို့ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့မှ ထုတ်ပြန်တဲ့ စာရင်း များအရ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်တစ်နှစ်တာ ကာလ အတွင်း ပြည်တွင်းမှာ လူကုန်ကူး ခံရတဲ့ အမှုပေါင်း ၁၁၉ မှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီအထဲကမှ အဓမ္မ လက်ထပ် ထိမ်းမြားခံရမှု ကတော့ ၇၈ မှုဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် တစ်နှစ်တာ အတွင်း ဖြစ်ပွားခဲ့တဲ့ လူကုန်ကူး ခံရမှုရဲ့ သုံးပုံနှစ်ပုံ ခန့်ဟာ အဓမ္မ လက်ထပ် ထိမ်းမြားခြင်း ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုလို အဓမ္မ လက်ထပ် ထိမ်းမြားဖို့ အတွက် လူကုန်ကူး ခံရမှုမှာလည်း တရုတ်နိုင်ငံသို့ အများဆုံး ပို့ဆောင် ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုလို ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူကုန်ကူး ခံရမှုတွေမှာ အဓမ္မ လက်ထပ် ထိမ်းမြားခံရသူ အများဆုံး ဖြစ်တဲ့အပြင် ဒုတိယ အများဆုံး ကတော့ ပြည်တန်ဆာ ပြုဖို့အတွက် လူကုန်ကူးမှု ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းကနေ လူကုန်ကူး ခံရတဲ့ နိုင်ငံတွေကို ကြည့်မယ် ဆိုရင်လည်း တရုတ်နိုင်ငံသို့ အများ ဆုံးပို့ဆောင် ခံရပြီး အခြားနိုင်ငံတွေ အနေနဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ကာတာ၊ အင်ဒိုနီးရှား၊ အမေရိကန် အစရှိတဲ့ နိုင်ငံတွေ သို့လည်း ပို့ဆောင် ခံရတာ ဖြစ်ပါတယ်။

ဒါ့အပြင် လူကုန်ကူး ခံရမှုတွေ မှာအခြား နိုင်ငံတွေကို ပို့ဆောင်မှု မရှိဘဲ မြန်မာနိုင်ငံ အတွင်းမှာပဲ လူကုန်ကူးမှုတွေ ဖြစ်ပွားတာကို တွေ့ရတယ်လို့ သိရပါတယ်။ အခုလို လူကုန်ကူး ခံရမှုတွေ လျော့ကျဖို့ ကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ တာဝန်ရှိသူတွေဟာ ကျောင်းများနဲ့ ကျေးရွာများမှာ လူကုန်ကူးမှု ဆိုင်ရာ ပညာပေးမှုများ ပြုလုပ် ပေးလျက် ရှိတယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့