Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 14 January 2013

Diamond Valley Rise စင်တာအား ၂၇ထပ် ဆောက်လုပ်မည်


Aye's Family Co.,Ltd က ဆောက်လုပ်မယ့် Diamond Valley Rise Business Centre ကို အထပ်ပေါင်း ၂၇ ထပ်နဲ့ဆောက်လုပ် သွားမှာ
ဖြစ်တယ်လို့နိုဝင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းမှာ ပြုလုပ်ခဲ့တဲ့ မော်တော်ယာဉ် အရောင်းပြခန်း၊ ဧရိယာ ဖွင့်ပွဲ၊ Diamond Valley Rise Business Centre အဆောက်အဦးရဲ့ ပန္နက်တင် မင်္ဂလာ အခမ်းအနားမှ သိရပါတယ်။

ဒီလို ဆောက်လုပ်မယ့် အဆောက်အဦး မှာတော့ လူနေ နားနေခန်းများ၊ ကောင်းကင် လူနေ နားနေ ခန်းများ၊ ရက်ရှည် နေထိုင်သူများ အတွက် အထူးခန်းများ၊ ရုံးခန်းများ၊ အစည်းအဝေး ခန်းမများ စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ လေကောင်း လေသန့်ရရှိနိုင်တဲ့ ရင်ပြင်ကျယ်၊ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ဆောင် နိုင်မယ့်နေရာ၊ ရေပန်း နန်းတော်၊ ရေနွေးစိမ်ကန်၊ ကလေး ကစားကွင်းငယ် စတာတွေ ကိုလည်း ထည့်သွင်း သွားဖို့ ရှိပေမယ့် Shopping Centre နဲ့ ဟိုတယ်ခန်း တွေတော့ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ စင်တာရှိ အခန်းအချို့ အတွက် စတင် ရောင်းချမှု ကိုတော့ ပန္နက်တင် အခမ်းအနားနဲ့အတူပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရောင်းချရာတဲ့ ဈေးနှုန်းတွေ ကတော့ အနည်းဆုံးကျပ် သိန်းသုံးထောင် ကျော်မှ အများဆုံး ကျပ်သိန်း ခြောက်ထောင်ကျော် သတ်မှတ် ထားတယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့